
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း ၊ စိုက်ပျိုးတောင်သူများသည် ရာသီအလိုက် သီးနှံများလည်း စိုက်ပျိုးကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မေလ စတုတ္ထပတ်အတွင်း ကုလားပဲထိုင်ဝမ်(၁)တင်းလျှင် (၇၆၀၀၀)ကျပ် ၊ကုလားပဲ(929)(၁)တင်းလျှင်(၇၉၀၀၀)ကျပ်၊ ကုလားပဲ(V2)(၁)တင်းလျှင်(၈၁၀၀၀) ကျပ်နှင့် ကုလားပဲ(V7)(၁)တင်းလျှင်(၈၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ထောပတ်ပဲတစ်တင်းလျှင် (၁၂၈၀၀၀)ကျပ်၊ အကွဲအနာပါ(၁)တင်းလျှင် (၁၂၇၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲဇီးကွက်တစ်တင်းလျှင် (၁၀၃၀၀၀)ကျပ်၊ အကွဲအနာပါလျှင် (၁၀၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲလွန်းဖြူတစ်တင်းလျှင် (၉၆၀၀၀) ကျပ်၊ အကွဲအနာပါတစ်တင်းလျှင်(၉၅၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မတ်ပဲ ရိုးရိုး တစ်တင်းလျှင် (၈၆၀၀၀)ကျပ်၊ မတ်ပဲမျက်ကွင်းဖြူ တစ်တင်းလျှင်(၈၈၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ကျွန်းလှမြို့နယ်မှ ထွက်ရှိသည့် ပဲမျိုးစုံကို မန္တလေးမြို့ရှိ ကုန်စည်ဒိုင်များနှင့် ပွဲရုံများသို့ တင်ပို့ကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သိရသည်။
DOCA(စစ်ကိုင်း)