Main menu

တမူးမြို့နယ်၏ နာမည်ရလျက်ရှိတဲ့ ရေဆယ်မုန့်ဟင်းခါး

Powered by Drupal

        တမူးမြို့တွင် ရေဆယ်မုန့်ဟင်းခါးကို နံနက်စာ အဆာပြေအဖြစ် အများစု ကြိုက်နှစ်သက်စွာ စားသုံးလေ့ရှိပြီး တမူးရေဆယ်မုန့်ဟင်းခါးဟု နာမည်ရလျက်ရှိပါသည်။ ထိုလုပ်ငန်းကို တစ်ဖက်တစ်လှမ်းမှ မိသားစုဝင်ငွေရရှိရေးအတွက် လုပ်ကိုင်နေသူ ရှုတိုင်းယဉ် ရေဆယ်မုန့်ဟင်းခါးဆိုင်သို့ သွားရောက်မေးမြန်းခဲ့ပါသည်။

          တမူးမြို့နယ်၏ ရေဆယ်မုန့်ဟင်းခါးဆိုင်ရှင် ဒေါ်အေးအေးဝင်းမှ မိမိဆိုင်သည် တစ်ရက်လျှင် ဆန် ( ၅ ) ပြည်ခန့် အသုံးပြု၍ ရေဆယ်မုန့်ဟင်းခါးပြုလုပ် ရောင်းချလျက်ရှိပါသည်။ မုန့်ဟင်းခါးဖတ် ပြုလုပ်နည်းအနေဖြင့် ဆန်ကိုတမူးဒေသထွက် ငရဲဆန် အသုံးပြုပြီး ငရဲဆန်တစ်တင်းလျှင် ( ၁၈၀၀၀ ) ကျပ်ပေး၍ ဝယ်ရပါသည်။ ဆန်တစ်ပြည်လျှင် မုန့်ဟင်းခါးဖတ် ( ၂ - ၂.၅ ) ပိဿာခန့်ထွက်ရှိပါသည်။ မုန့်ဖတ်ဈေးနှုန်းများအနေဖြင့် ( ၁ ) ပိဿာလျှင် ( ၂၀၀၀ - ၂၅၀၀ ) ကျပ် ပေါက်ဈေးနှုန်းများရှိသည်။

            မိမိဆိုင်အနေဖြင့် ရေဆယ်မုန့်ဟင်းခါးဖတ်များကို ကိုယ်တိုင်ပြုလုပ်ကာ ပွဲပြင်များအဖြစ် ပွဲကြီး တစ်ပွဲလျှင် ( ၁၀၀၀ ) ကျပ်နှင့် ပွဲသေး တစ်ပွဲလျှင် ( ၅၀၀ ) ကျပ် ဈေးနှုန်းများဖြင့် ရောင်းချပါကြောင်း၊ တစ်ရက်ဝင်ငွေအနေဖြင့် ( ၂၅၀၀၀ မှ ၃၀၀၀၀ ) ကျပ်ရရှိကြောင်း  မိမိဆိုင်မှ ရောင်းချ

သည့် ရေဆယ်မုန့်ဟင်းခါးသည် စားသုံးသူများအတွက် အန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ပြီး စားသုံးသူ ပြည်သူများ စိတ်ချယုံကြည်စွာ စားသုံးနိုင်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)