
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းသီးများကိုလည်း တစ်ပိုင် တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး သစ်ရာမြိုင်ဈေးသို့ လာရောက်ပို့ဆောင်ကာ အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ခရမ်းသီးဈေးနှုန်း များမှာ ခရမ်းသီး (အညို) တစ်ပိဿာလျှင် ၂,၀၀၀ ကျပ်၊ ၅၀ ကျပ်သားလျှင် ၁,၀၀၀ ကျပ်နှင့် ၂၅ ကျပ်သားလျှင် ၅၀၀ ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA (စစ်ကိုင်း)