Main menu

ကျွန်းလှမြို့နယ်အတွင်း ‌ရောင်းချလျက်ရှိသော အမဲသား ဈေးနှုန်း

Powered by Drupal

   ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက်ကုန်ပစ္စည်းများ၊ လူ သုံးကုန်ပစ္စည်းများကို ဒေသတွင်းနှင့် အခြားဒေသများမှ ဝယ်ယူရောင်းချလျက်ရှိရာ ယခုအခါတွင် လမ်းပန်းဆက်သွယ်ရေးအခက်ခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လျက်ရှိရာမှ အသား/ငါးဈေးနှုန်းများထဲမှ အမဲသားဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

     အမဲသားများကို ကျွန်းလှမြို့ ဒေသတွင်းဟင်းစလေများမှ လက်လီ/လက်ကား ရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်၏ အမဲသားဈေးနှုန်းများ အနေဖြင့် အမဲသားရှယ် (တစ်တုံးထဲသား) လက်ကားတစ်ပိဿာလျှင် ၂၅,၀၀၀ ကျပ်၊ လက်လီတစ်ပိဿာလျှင် ၂၈,၀၀၀ ကျပ်၊ အမဲသားရိုးရိုး (အသားပြွန်း) လက်ကားတစ်ပိဿာလျှင် ၂၂,၀၀၀ ကျပ်၊ လက်လီတစ်ပိဿာလျှင် ၂၄,၀၀၀ ကျပ် အမဲ ပုဆိုးကြမ်းတစ်ပိဿာလျှင် ၁၂,၀၀၀ ကျပ်နှင့် အမဲရိုးတစ်ပိဿာ ၁၀,၀၀၀ ကျပ်ဈေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း အမဲသားသည်ထံမှ သိရပါသည်။

DOCA (စစ်ကိုင်း)