Main menu

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသည့် ကြက်သွန်ဖြူဈေးနှုန်း

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များနှင့် အခြားကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကိုလည်း မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။

     ကန့်ဘလူမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မေလ စတုတ္ထပတ်အတွင်း ကြက်သွန်ဖြူရှမ်းဥအလုံးကြီး (၁)ပိဿာလျှင် (၁၅၀၀၀မှ ၁၈၀၀၀ကျပ်)၊ ဗမာဖြူ(၁)ပိဿာလျှင်(၆၅၀၀မှ ၁၄၀၀၀ကျပ်)ဖြင့်ရောင်း ချကြောင်း၊ အစားအသောက်ချက်ပြုတ်ရာတွင် အနံ့အရသာအတွက် ကြက်သွန်ဖြူကိုအသုံးပြု သည့်အတွက် စားသောက်ဆိုင်များနှင့် အိမ်ရှင်မများအတွက် မရှိမဖြစ်လိုအပ်ကြောင်း၊ ကျန်းမာရေး အတွက်လည်း ဓာတ်စာအဖြစ်စားသုံးကြသည့်အတွက် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)