Main menu

အမေရိကန်အကောက်ခွန်မူဝါဒများကြောင့် အစ္စရေးသည် တိုးတက်မှုခန့်မှန်းချက်ကို လျှော့ချခဲ့

Powered by Drupal

       မေလ ၂၉ ရက်နေ့ညတွင် အစ္စရေးဘဏ္ဍာရေးဝန်ကြီးဌာနသည် ဇန်နဝါရီတွင် ခန့်မှန်းထား သည့် ၂၀၂၅ ခုနှစ်အတွက် ၎င်း၏တိုးတက်မှုခန့်မှန်းချက်ကို ၄.၃ ရာခိုင်နှုန်းမှ ၃.၆ ရာခိုင်နှုန်းသို့ လျှော့ချခဲ့သည်။ ခန့်မှန်းချက်အသစ်သည် အမေရိကန်၏ သွင်းကုန်အခွန်မူဝါဒအသစ်နှင့် အစ္စရေး စီးပွားရေး၏ လတ်တလော တရားဝင်အချက်အလက်များ၏ အကျိုးသက်ရောက်မှုကြောင့် ဖြစ် ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်၏ အခွန်စည်းကြပ်မှုသည် ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်တွင် ကမ္ဘာ့ ကုန်သွယ်မှုတွင် ၂ ရာခိုင်နှုန်းခန့် ကျဆင်းသွားလိမ့်မည်ဟု အစ္စရေးဝန်ကြီးဌာနက ယူဆထား သည်။ အဆိုပါအမေရိကန်နိုင်ငံ၏အခွန်မူဝါဒများကြောင့် ၂၀၂၆ ခုနှစ်အတွက် အစ္စရေးစီးပွားရေး တိုးတက်မှု ခန့်မှန်းချက်ကိုလည်း ၅.၄ မှ ၄.၄ ရာခိုင်နှုန်းအထိ ပြန်လည်ပြင်ဆင်ခဲ့သည်။ Yedioth Ahronoth သတင်းစာမှ အကြီးတန်းလေ့လာသုံးသပ်သူ Gad Lior က တိုးတက်မှုခန့်မှန်းချက် လျှော့ချခြင်းနှင့် အစ္စရေးနိုင်ငံ၏ ငွေကြေးဖောင်းပွမှု မကြာသေးမီက မျှော်လင့်ထားသည်ထက် မြင့်တက်လာခြင်းသည် စီးပွားရေးလုပ်ဆောင်မှုကျဆင်းခြင်းနှင့် အစိုးရအသုံးစရိတ်များ တိုးလာ ခြင်းတို့နှင့်အတူ အခွန်ငွေများသက်ရောက်မှုကြောင့်ဖြစ်ကြောင်း Xinhua သို့ ပြောကြားခဲ့သည်။

  DOCA(ရန်ကုန်)