Main menu

အာဂျင်တီးနားနိုင်ငံသည် ရင်းနှီးမြုပ်နှံသူများကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ငွေတိုက်စာချုပ် ထုတ်ပေး

Powered by Drupal

     အာဂျင်တီးနားနိုင်ငံသည် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို ပစ်မှတ်ထား၍ အမေရိကန် ဒေါ်လာ ၁ ဘီလီယံအထိ တန်ဖိုးရှိသော ငွေတိုက်စာချုပ်တစ်ရပ်ကို ထုတ်ပေးမည်ဖြစ်ကြောင်း မေလ ၂၇ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။ ငွေချေးစာချုပ်ကို ဒေါ်လာဖြင့် သီးသန့်စာရင်းသွင်း မည်ဖြစ်ပြီး ၎င်း၏ထုတ်ပေးမှုနှင့်ပေးချေမှုမှာ အာဂျင်တီးနားပီဆိုဖြင့် ကျသင့်မည်ဖြစ်ကြောင်း အာဂျင်တီးနားစီးပွားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ တရားဝင်ဆက်သွယ်မှုအရ၊ စာရွက် စာတမ်းတွင်ရရှိမည့် အမည်ခံနှစ်အလိုက် အတိုးနှုန်းကို တင်ဒါတွင် ပုံ သတ်မှတ်မည်ဖြစ်သည်။ "အာဂျင်တီးနားသည် ပြည်တွင်းငွေကြေးဖြင့် အကြွေးအရင်းကို ပြန်လည်ထုတ်ပေးရန်အတွက် နိုင်ငံတကာစျေးကွက်များသို့ တစ်ဖန်ဝင်ရောက်ခွင့်ရနေပြီဖြစ်သည်" ဟု အာဂျင်တီးနားစီးပွား ရေးဝန်ကြီး Luis Caputo က ဆိုရှယ်မီဒီယာပလပ်ဖောင်း X တွင် ပြောကြားခဲ့သည်။ အဆိုပါ လုပ်ငန်းသည် စုစုပေါင်း သို့မဟုတ် အသားတင်ကြွေးမြီများ တိုးလာမည်မဟုတ်ကြောင်း ပြော ကြားခဲ့သည်။

   DOCA(ရန်ကုန်)