
တနင်္သာရီတိုင်းဒေသကြီးသည် ဥယျာဥ်ခြံသီးနှံများနှင့် နှစ်ရှည်ပင်သီးနှံများ များစွာထွက်ရှိ စိုက်ပျိုးလျက်ရှိရာ ယခုရာသီပေါ် သီးပင်တစ်မျိုးဖြစ်သည့် အသီးမှာဘုရင်ဟု တင်စားကြသည့် လူကြိုက်များသော ဒူးရင်းသီးများမှာ ပေါများစွာ ထွက်ရှိလျက်ရှိပါသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် အလေ့ကျပေါက်ရောက်သော ဒူရင်းပင်များနှင့် နိုင်ငံခြားမျိုး ဒူးရင်းသီးမျိုးများကိုလည်း ကိုင်းဆက်/ကိုင်းကူးနည်းတို့ဖြင့် အဓိကထား စိုက်ပျိုးကြပြီး ၃ နှစ်ခန့် အကြာတွင် အသီးများ စတင်ထွက်ရှိကြပါသည်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ ဒေသတွင်း နှင့်ရန်ကုန်မြို့များသို့ အဓိကရောင်းချလျက်ရှိသော နိုင်ငံခြားဒူးရင်း မွန်းထောင်းမျိုးအသီးကောင်း/ အသားကောင်းများ အသီးပေါ်မူတည်၍ ၁ ကီလိုဂရမ်လျှင် ၁၈,၀၀၀ မှ ၂၃,၀၀၀ ကျပ်ရှိကြောင်း သိရှိရပါသည်။
DOCA (တနင်္သာရီ)