Main menu

ပိတောက်မြိုင်ဈေးအတွင်း ရောင်းချနေသော ကြက်တက်ရွက်ပြုတ်

Powered by Drupal

ကျွန်းလှမြို့ ၊ ပိတောက်မြိုင်ဈေးတွင် ကြက်တက်ရွက် ပြုတ်ရောင်းချလျက်ရှိရာ ကြက်တက် ရွက်မှာ မိုးဦးကျစ ဧပြီလတွင် စတင်ပေါက်ရောက် လေ့ရှိသော အရွက်တစ်မျိုး လည်းဖြစ်ပါသည်။ ကြက်တက်ရွက်များကို တောထဲတွင် သွားခူးကြပြီး ဈေးထဲတွင် ရောင်းချလျက်ရှိကြောင်းသိရပါသည်။

ရာသီစာ ကြက်တက်ရွက်ပြုတ်သည် လူကြိုက်များသော လဖက်အစားထိုး သရေစာတစ်မျိုး ဖြစ်ပါ သည်။ မေလ စတုထ္ထပတ်အတွင်း ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ကြက်တက်ရွက်ပြုတ်  ဈေးနှုန်းအနေဖြင့်  ကြက်တက်ရွက်ပြုတ် တစ်ပိသာလျှင် (၅၀၀၀)ကျပ်၊ ကြက်တက်ရွက်ပြုတ် (၅၀)ကျပ်သားလျှင်(၂၅၀၀)ကျပ် နှင့် ကြက်တက်ရွက်ပြုတ် (၁၀)ကျပ် သားလျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသောကြောင့် မိုးရွာသွန်းသည့်အတွက် ကြက်တက် ရွက်များ လှိုင်လှိုင်ထွက်ရှိပြီး အ‌ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

Doca(စစ်ကိုင်း)