Main menu

ဈေးကောင်းရနေသည့် ရာသီစာ ငှက်စွပ်မှို

Powered by Drupal

   ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်ဒေသ ဈေးကွက်၌ စိုက်ပျိုးထုတ်လုပ်ရောင်းချသော စိုက်ပျိုး ရေးမှို၊ ကောက်ရိုးမှိုစသော ကုန်စည်များနည်းတူ သဘာဝငှက်စွပ်မှို များ ဝင်ရောက်လျက်ရှိကြောင်းသိ ရှိရပါသည်။ ငှက်စွပ်မှိုသည် မိုးဦးကာလတွင် သဘာဝအရ ထွက်ရှိလာသော မှိုဖြစ်၍ ကျေးလက်နေ ပြည်သူများ၏ မိသားစု ဝင်ငွေ ရရှိသော သီးနှံဖြစ်ပါသည်။

   ကောက်ရိုးမှို တစ်ပိဿာလျှင် ၇၀၀၀ ကျပ်မှ ၁၃၀၀၀ကျပ်ခန့်ရရှိနေသော်လည်း ငှက်စွပ်မှု တစ်ပိဿာလျှင် ၂၈၀၀၀ကျပ်မှ ၄၀၀၀၀ကျပ် အထိ ဈေးကောင်းရရှိနေကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)