
ကျွန်းလှမြို့နယ်ရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံနှင့် စားဖိုဆောင် သီးနှံများကို စိုက်ပျိုးရောင်းချကြရာ တောကြက်ဟင်းခါးသီးကိုလည်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ တောကြက်ဟင်းခါးသီးကို စင်ထိုး စိုက်ပျိုးကြသလို ခြံစည်းရိုးပေါ် တင်ပြီးလည်း စိုက်ပျိုးကြကြောင်း သိရပါသည်။
၂၀၂၅ ခုနှစ်၊ ယခု မေလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး အတွင်း ရောင်းချလျက်ရှိသည့် တောကြက်ဟင်းခါးသီး ဈေးနှုန်းများမှာ တောကြက်ဟင်းခါးသီး တစ်ပြည် လျှင်(၂၀၀၀)ကျပ်၊ တောကြက် ဟင်းခါးသီး နို့ဆီ တစ်ဘူးလျှင်(၃၀၀)ကျပ် နှင့် နို့ဆီ(၂)ဘူးလျှင် (၅၀၀) ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် တောကြက်ဟင်းခါးသီး ရောင်းချနေသော ဈေးသည် တစ်ဦး ထံမှ သိရသည်။
Doca(စစ်ကိုင်း)