Main menu

ပိတောက်မြိုင်ဈေးတွင် ရောင်းချလျက်ရှိသော ပန်းဈေးနှုန်း

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ ခရေပန်း၊ စကားဝါပန်း၊ မေမြို့ပန်း (အက်စတာ)၊ ကျောက်စိမ်းပန်း မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။

          ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်‌ဈေး၌ ဖြစ်ပေါ်နေသော ခရေပန်း ဈေးနှုန်း အနေဖြင့် ခရေပန်း တစ်ကုံးလျှင်(၂၅၀)ကျပ်၊ ခရေပန်း(၂)ကုံးလျှင် (၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိသောကြောင် ယခင်အပတ်ထက် ဈေးမြင့်တက်လာပြီး အရောင်း အဝယ် ဖြစ်လျက်ရှိကြောင်း၊ စကားဖြူပန်း ဈေးနှုန်းဖြင့် စကားဖြူပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၃၅၀)ကျပ်၊ စကားဖြူပန်း(၃)ကုံးလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း စကားဝါပန်း ဈေးနှုန်းဖြင့် စကားဝါပန်း(၇)ပွင့်ပါ တစ်ကုံးလျှင်(၅၀၀)ကျပ်၊ စကားဝါပန်း (၃)ပွင့်ပါ တစ်ကုံးလျှင်(၂၀၀)ကျပ်၊ စကားဝါပန်း(၃)ကုံးလျှင်လျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိကြောင်း ဘုရားပန်းမျိုးစုံ ရောင်းချ နေသော ပန်းသည်တစ်ဦးထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)