
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း၊ ဒေသထွက်သီးနှံများကို ကန့်ဘလူ မြို့နှင့် ရွှေဘိုမြို့၊ မန္တလေးမြို့များရှိပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။
နေကြာသီးနှံစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ဆင်းရွှေကြာ-၂ မျိုးကို အများဆုံးစိုက်ပျိုးကြပြီး၊ မြေအနေအထားနှင့် အပင်ပြုစုခြင်းအပေါ်မူတည်၍ အထွက်နှုန်းကွာခြားမှုရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဇွန်လပထမပတ်အတွင်း နေကြာ(၁)တင်းလျှင် (၅၄၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိသော ကြောင့် နေကြာ(၁)တင်းလျှင် (၁၀၀၀)ကျပ် မြင့်တက်လာကြောင်း၊ ဇွန်လ ပထမပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင်(၂၅၈၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၁၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသောကြောင့် ယခုပတ်အတွင်း နှမ်းဈေးနှုန်းများ တည်ငြိမ်နေကြောင်း၊ ဇွန်လ ပထမပတ်အတွင်း မြေပဲလုံးဆံ(၂၅)ပိဿာတစ်အိတ်လျှင် (၁၉၇၅၀၀) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာ၌ မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးတို့ကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း အစေ့ထုတ်ပြောင်း (၁)တင်းလျှင် (၂၁၂၀၀)ကျပ်၊ ပြောင်းအရည်အသွေးညံ့လျှင် (၂၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိပြီး ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်း၊ ဈေးနှုန်းအနေဖြင့် ဇွန်လ ပထမပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင် (၇၇၀၀၀)ကျပ်၊ ပဲစဉ်းငုံဖြူ(၁)တင်းလျှင် (၇၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုပတ်အတွင်း ပဲစဉ်းငုံဈေးနှုန်း ကျဆင်းသွားကြောင်း၊ ဇွန်လ ပထမပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင်(၁၂၈၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင်(၁၃၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ၊ ယခုပတ်အတွင်း ပဲတီစိမ်းဈေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း၊ ဇွန်လ ပထမပတ်အတွင်း ဘိလပ်စေ့တစ်တင်းလျှင် (၆၅၀၀၀)ကျပ်၊ ဘိလပ်စေ့ညံ့လျှင်(၆၄၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်ပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ယခုအပတ်တွင်း ဘိလပ်စေ့(၁)တင်းလျှင် (၃၀၀၀)ကျပ် ကျဆင်းသွားကြောင်း၊ ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)