Main menu

ကန့်ဘလူမြို့တွင် နာနတ်သီးများ စတင်ရောင်းချလျက်ရှိ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ရှိ သစ်သီးရောင်းဝယ်ရေးဆိုင်များတွင် ရာသီပေါ်အသီးတစ်မျိုးဖြစ်သည့် နာနတ်သီးများ စတင်ရောင်းချနေကြောင်း သိရသည်။ နာနတ်သီးသည် ချိုချဉ်အရသာရှိပြီး ကြိုက်နှစ်သက်သူများသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။

     ယခုအခါ နာနတ်သီးများကို မန္တလေးသစ်သီးပွဲရုံနှင့် မြစ်ကြီးနားသစ်သီးပွဲရုံများမှ မှာယူ၍ ရောင်းချလျက်ရှိကြောင်း၊ နာနတ်သီးအရွယ်အစားပေါ်မူတည်၍ မန္တလေးသီး တစ်လုံးလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ကျပ်နှင့် မြစ်ကြီးနားသီး တစ်လုံးလျှင် ၄၀၀၀ ကျပ်မှ ၅၀၀၀ကျပ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)