Main menu

ရွှေဘိုခရိုင်ရှိ ဆန်စီးထွက်မှု အခြေအနေနှင့် စပါး/ဆန် ဈေးနှုန်းများ

Powered by Drupal

     ရွှေဘိုခရိုင်အတွင်းတွင် ဇွန်လ ပထမပတ်တွင် စပါး/ဆန်ဈေးနှုန်းများ အနည်းငယ် မြင့်တက်နေပါသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ မေလ စတုတ္ထပတ်တွင် စတုတ္ထပတ်တွင် ရန်ကုန်သို့ (49936)အိတ်၊ မန္တလေးသို့ (33777) အိတ်၊နေပြည်တော်သို့ (781)အိတ်၊ပဲခူးတိုင်းသို့ (7095)အိတ်၊ ဧရာဝတီတိုင်းသို့ (740) အိတ်၊ မကွေးတိုင်းသို့ (767)အိတ်၊ ရှမ်း(တောင်)သို့ (22670)အိတ်၊ ကချင်ပြည်နယ်သို့ (1650)အိတ်၊ မွန်ပြည်နယ်သို့ (18995)အိတ်၊ ကရင်ပြည်နယ်သို့ (2970) အိတ်၊ မူဆယ်သို့ (942)အိတ်၊ စုစုပေါင်း အိတ်ရေ 140323 တန် အားဖြင့် 7016တန်  စီးထွက်ခဲ့ပါသည်။

      မေလ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ (52096)အိတ်၊ မန္တလေးသို့ (30787) အိတ်၊နေပြည်တော်သို့ (2280)အိတ်၊ပဲခူးတိုင်းသို့ (1933)အိတ်၊ မကွေးတိုင်းသို့ (750)အိတ်၊ ရှမ်း(တောင်)သို့ (20066)အိတ်၊ ကချင်ပြည်နယ်သို့ (1870)အိတ်၊ မွန်ပြည်နယ်သို့ (12042)အိတ်၊ ကယားပြည်နယ်သို့ (360) အိတ်၊ မူဆယ်သို့ (680)အိတ်၊ ကရင်ပြည်နယ်သို့ (1485)အိတ်၊ တနင်္သာရီ သို့(320)အိတ်၊ ဓနုဖြူသို့ (130)အိတ်၊စုစုပေါင်း အိတ်ရေ 124799 တန်အားဖြင့် 6240တန် စီးထွက်ခဲ့သည့် အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်လျှင် ယခု အပတ်အတွင်း အိတ်ရေ 15524၊ တန်အားဖြင့် 776တန် လျော့၍ စီးထွက် ခဲ့ပါသည်။

          ရွှေဘိုမြို့၏ မေလ နောက်ဆုံးပတ်တွင် ဖြစ်ပေါ်ခဲ့သော စပါး/ဆန် ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း100လျှင် ကျပ် 4500000၊ ရွှေဘိုပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်150000 ၊  ဧရာမင်းစပါး တင်း 100လျှင် ကျပ် 2500000၊ဧရာမင်းဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်125000ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA (စစ်ကိုင်း)