Main menu

ကျွန်းလှမြို့နယ်အတွင်း ရောင်းချလျက်ရှိသော စိန်တစ်လုံးသရက်သီးအမှည့် ဈေးနှုန်း

Powered by Drupal

ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြား ဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် စိန်တစ်လုံးသရက်သီးမှည့်များ ကို လှိုင်လှိုင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေ သည့်  စိန်တစ်လုံးသရက်သီးမှည့်ဈေးနှုန်းများမှာ သရက်သီး အကြီး တစ်လုံးလျှင် (၅၀၀)ကျပ်၊ သရက်သီး အသေး တစ်လုံးလျှင်(၃၅၀)ကျပ်၊ (၁၀၀၀)ဖိုး (၃)လုံးတို့ဖြင့် ရောင်းချလျက်ရှိကြောင်း စိန်တစ်လုံး သရက်သီးမှည့် ရောင်းချသည့် လုပ်ငန်းရှင် များထံမှ သတင်းရရှိသည်။

Doca(စစ်ကိုင်း)