
စားသုံးသူရေးရာဉီးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် မေလ(၂၀)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ မြို့နယ်ချေးငွေအကြံပေး အဖွဲ့ဝင်ဖြစ်သော စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူး အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
မှော်ဘီမြို့နယ်တွင် မိုးရာသီမိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို မြန်မာလယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ မိုးစပါးစိုက်ဧက (၁)ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် နှစ်စဉ်တောင်သူများအားထုတ် ချေးလျှက်ရှိရာ ယခုနှစ် မိုးစပါးသီးနှံ စိုက်ပျိုးရာသီတွင် အချိန်စေ့ ကြွေးကျန်အကျေပေးဆပ်ပြီးသော မိုးကြိုးပစ်ရွာ၊ ဘိုးဒနကုန်းကျေးရွာ၊ပက်တန်းကျေးရွာ၊ နှောကုန်းကျေးရွာအုပ်စုမှ တောင်သူ (၁၃၀၀) ဦး၏ လယ်ဧက (၉၀၀၀) ဧကအတွက် ငွေကျပ် (၁၃၅၀)သိန်းကို စတင်ထုတ်ချေးခြင်း အခမ်းအနားတွင် မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်တင်ထူးထူးအောင်တက်ရောက်၍ အမှာစကားပြောကြားပြီး တောင်သူကြီးများအား ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)