
တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌအပါအဝင်၊ မြို့နယ် ပြည်တွင်းအခွန်ဉီးစီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ မြို့နယ်ခွဲတာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ မှ (၂၆.၅.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ခန်းမ၌ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ခေါ်ယူတွေ့ဆုံဆွေးနွေးရာတွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဘိလပ်မြေ၊ ကျောက်စရစ်များအပါအဝင် အခြားအိမ်ဆောက်ပစ္စည်းများအား ဈေးကွက်တွင် သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရောင်းချနိုင်ရေး ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိစေရေး စသည့်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး အမြတ်ရာခိုင်နှုန်းမှာလည်း အဆမတန်မဖြစ်စေရေး တွေ့ဆုံခေါ်ယူသတိပေးမှုအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)