
(၂၇.၅.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင် ဉီးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးပါ(၂)ဉီးတို့သည် မှော်ဘီမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များသို့ စက်သုံးဆီပြတ်လပ်မှုရှိ/မရှိ၊ စက်သုံးဆီလက်ကျန် အခြေအနေနှင့် အချင်အတွယ်ပြည့်ဝမှန်ကန်မှုရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မှော်ဘီမြို့နယ်၊ သန္ဓေပင်ကျေးရွာအုပ်စု၊ သံတံတားကျေးရွာ ရှိ PT Power စက်သုံးဆီဆိုင်မန်နေဂျာ ဉီးခိုင်ဇော်ထွန်းမှ ပူးပေါင်းပါဝင်လျက် ဆိုင်တွင် စက်သုံးဆီများ ပြတ်လပ်မှုမရှိပဲ သတ်မှတ်ရည်ညွှန်းဈေးအတွင်းသာ ရောင်းချကာ စက်သုံးဆီလက်ကျန်အနေဖြင့် လုံလောက်စွာသိုလှောင်ထားရှိပြီး အချင်အတွယ်ပြည့်ဝမှန်ကန်မှုရှိသည်ကို တွေ့ရှိရပြီး စက်သုံးဆီအရောင်းတာဝန်ခံအား အချင်အတွယ်မှန်ကန်မှုရှိစေရေး အလေးထားရန် သတ်မှတ်ရည်ညွှန်းဈေးအတွင်းရောင်းချရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)