Main menu

ရာသီစာ အင်ဥ (မှိုစေ့) လှိုင်လှိုင်ဝင်ရောက်၍ အရောင်းသွက်နေ

Powered by Drupal

    ရွှေဘိုမြို့ပေါ်ရှိ အောင်ဇေယျဈေးတွင် ဆိုင်ခန်းပေါင်း (၁၀၀)ကျော်နှင့် ပျံကျဈေးသည်များအပြင် မိုးကုတ်မြို့သို့ တင်ပို့ရောင်းချသည့် သီးနှံလက်ကားဒိုင်များဖြင့် နေ့စဉ် နံနက် (၆)နာရီမှ နေ့လယ် (၂)နာရီထိ ပိတ်ရက်မရှိ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

   ၂၀၂၅ခုနှစ် ဇွန်လ ပထမဆုံးပတ်တွင် တန့်ဆည်မြို့နယ် ကံထူးမရွာ မှာယူရောင်းချသည့် ရာသီပေါ် အင်ဥ(ခေါ်)မှိုစေ့များ   လှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး တစ်ပိဿာလျှင် (၅၅၀၀၀)ကျပ်မှ (၆၀၀၀၀)ကျပ် ဖြင့် အရောင်းအဝယ်သွက်နေပြီး ၊ဝင်ရောက်လာသော အင်ဥ(မှိုစေ့)များအား  ဈေးအတွင်းရှိ လက်လီ ပျံကျဈေးသည်များကို ဖောက်သည်ပေးသည့်အပြင်၊ ဆိုင်ကယ်ဖြင့် မြို့တွင်း လှည့်လည်ရောင်းချသော ဈေးသည်များ၊ ရွှေဘိုမြို့ပေါ်ရှိ ထမင်းဆိုင်များနှင့် နေ့စဉ်စားသုံးသူများသို့ လက်လီ/လက္ကားရောင်းချလျက်ရှိကြောင်း  အောင်ဇေယျဈေးအတွင်းရှိ သီးနှံစုံ လက်ကားဒိုင်များမှ သတင်းရရှိသည်။

DOCA (စစ်ကိုင်း)