Main menu

ရွှေပြည်သာမြို့နယ်ရှိ ဉီးသန့်ဇင်မိုးစားအုန်းဆီလက်လီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          (၂၇.၅.၂၀၂၅)ရက်နေ့ နံနက်(၁၀:၅၀) နာရီအချိန်တွင် မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ခရိုင်ဉီးစီးမှူး ဉီးအောင်တင်စိုးပါ(၄)ဉီး၊ အထူးစုံစမ်းစစ်ဆေးရေးဉီးစီးဌာနမှ စုံစမ်းရေးမှူးတို့လိုက်ပါလျက် ရွှေပြည်သာမြို့နယ်ရှိ စားအုန်းဆီလက်လီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၄၀/က)၊ ဗိုလ်ချုပ်လမ်း၊ (၅/၃)ရပ်ကွက်ရှိ ဉီးသန့်ဇင်မိုး စားအုန်းဆီအရောင်းဆိုင်မှ မိမိရရှိသောခွဲတမ်းများအား အကြော်ဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ မုန့်ဟင်းခါးဆိုင်တို့အား သတ်မှတ်ခွဲတမ်းအလိုက် နေ့စဉ် နံနက်(၉)နာရီမှ ညနေ(၅)နာရီထိ ရောင်းပေးပါကြောင်း၊ ဈေးနှုန်းလည်း မြှင့်တင်ရောင်းချခြင်း မရှိပါကြောင်း၊ ပြည့်ဝစွာလည်း ချိန်တွယ်ပေးပါကြောင်း၊ မိမိတို့ဌာနမှလည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ပြုလုပ်ခဲ့လျင် အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)