Main menu

သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော ဆန်လှော်မရွှေး ဈေးနှုန်း

Powered by Drupal

ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းတွင် ကုန်မျိုးစုံဆိုင်များ ရောင်းချလျက်ရှိရာမှ မြန်မာ့ရိုးရာ အစားအစာတစ်ခုဖြစ်သည့် ဆန်လှော်မ‌ရွေးကိုလည်း ရောင်းချလျက်ရှိကြောင်း၊ ဆန်လှော်မရွေးကိူ ‌ဒေသ ထွက်အစားအစာအဖြစ်  သဘာဝဆန်ကြမ်းဖြင့် ပြုလုပ်ပြီး ထန်းလျက်‌‌ရေ ၊ ကြံသကာရေ ‌လောင်းထား‌ သော ဆန်လှော်မရွေးဖြစ်ပါသည်။

၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်အတွင်း သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ်နေ‌သော ဆန်လှော် မ‌ရွေး ဈေးနှုန်းအနေဖြင့် ဆန်လှော်မ‌ရွေး တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ ဆန်လှော်မ‌ရွေး (၅၀)ကျပ်သား လျှင် (၆၀၀၀)ကျပ်၊ မန်းမ‌ရွေး(၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ် နှင့် မန်းမ‌ရွေး(၁၀)ကျပ်သားလျှင် (၁၅၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်ရာမြိုင်ဈေးအတွင်း‌ရောင်းချနေ‌သော မန်းမရွေး သည်ထံမှ သတင်းရရှိပါသည်။

Doca(စစ်ကိုင်း)