Main menu

ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော ဆူးပုတ်ရွက် ဈေးနှုန်း

Powered by Drupal

     ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံ ဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့်အနက် ဆူးပုတ်ရွက်သည်လည်း တစ်မျိုးပါဝင်ပါသည်။ ဆူပုတ်ရွက်ကို ကန့်ဘလူမြို့နယ်၊ ပေကုန်းကျေးရွာနှင့် ကျွန်းလှမြို့ပေါ်ရပ်ကွက်အသီးသီးတို့မှ   လာရောက် ရောင်း ချခြင်းဖြစ်ပါသည်။ ဆူးပုတ်ရွက်ကို မိမိတို့ဒေသ တွင်သာမက ဒေသတိုင်းတွင် လူကြိုက်များပြီး အစားများသော အရွက်တစ်မျိုးဖြစ်ပါသည်။

    ယခု ၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ဆူးပုတ်ရွက် ဈေးနှုန်းအနေဖြင့် ဆူးပုတ်အစည်း(၁)စည်းလျှင်(၁၀၀)ကျပ်နှင့် (၁၀)စည်းပါ တစ်ထုံးလျှင်(၉၀၀) ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ဆူးပုတ်ရွက် ဈေးနှုန်းအနေဖြင့် ဆူးပုတ်အစည်း(၁)စည်းလျှင်(၂၀၀)ကျပ်နှင့် (၁၀)စည်းပါ တစ်ထုံးလျှင်(၁၈၀၀) ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင့် မိုးရွာသွန်းမှုများသောကြောင့်  ဆူးပုတ်ရွက် များအညွှန့်ပေါက်နည်းသည့်အတွက် ယခင်အပတ်ထက် ဈေးအနည်းငယ် မြင့်တက်လျက်ရှိကြောင်း  ကုန်စိမ်း ရောင်းချ သည့် လုပ်ငန်းရှင် တစ်ဦးထံမှ သိရပါသည်။

DOCA (စစ်ကိုင်း)