Main menu

သံပုရာသီး ဈေးနှုန်း အခြေအနေ

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက် များနှင့် ဒေသအသီးသီးမှ လာရောက်ရောင်းချကြသလို မန္တလေးမြို့တို့မှလည်း မှာယူရောင်းချကာ ယခုလို နွေရာသီတွင် သံပုရာသီး အနည်းငယ်ရှားပါးသည့်အတွက် ဈေးကွက်အတွင်း ဈေးကောင်းရရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း သိရ သည်။

          ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေ သော သံပုရာသီး အလုံးအကြီး /အသေး ပေါ်မူတည်၍ သံပုရာသီး အကြီး(၁)လုံးလျှင်(၃၀၀)ကျပ်၊ သံပုရာသီး အလတ်(၁)လုံးလျှင်(၂၀၀)ကျပ်(၅၀၀)ဖိုး(၃)လုံးနှင့် သံပုရာသီး အသေးတစ်လုံးလျှင်(၁၅၀/၁၀၀)ကျပ် ဈေးနှုန်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် သံပုရာသီး ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)