
မင်းဂွတ်သီးကို မွန်ပြည်နယ်အတွင်း မြို့နယ် ၁၀ မြို့နယ်လုံးတွင် စိုက်ပျိုးလေ့ရှိသည်။ မင်းဂွတ်သီးထွက်ရှိသည့် မေလနှင့်ဇွန်လအစတွင် အသီးများစတင်ခူးဆွတ်၍ ဈေးကွက်အတွင်း ဝင်ရောက်နေပြီဖြစ်သည်။ ယခုနှစ်တွင် ဒေသစာ၊ ရာသီစာဖြစ်သော မင်းဂွတ်သီးများ အထွက်နှုန်းကောင်းပြီး ပေါ်ဦးပေါ်စတွင် မင်းဂွတ်သီး ဈေးကောင်း ရလျှက်ရှိသည်။ မင်းဂွတ်သီး၏ အရွယ်အစားပေါ်မူတည်၍ ဈေးနှုန်းကွာဟမှုရှိသည်။ မင်းဂွတ် သီး(အကြီး)တစ်လုံးလျှင် ၆၀၀ကျပ်၊ မင်းဂွတ်သီး (အလတ်) တစ်လုံးလျှင် ၄၅၀ကျပ်နှင့် မင်းဂွတ်သီး (အသေး)တစ်လုံးလျှင် ၂၅၀ကျပ်ခန့် ရရှိ၍ အရောင်းအဝယ်သွက်လျက်ရှိသည်။ မွန်ပြည်နယ်အတွင်း မင်းဂွတ်သီးစိုက်ပျိုးသည့် ဧက ၆၀၀၀ကျော် ရှိသည်။ မင်းဂွတ်သီးအထွက်နှုန်းမှာ ယခင်နှစ်ထက် အသီးထွက်ကောင်း၍ စိုက်ပျိုးသူတောင်သူများ အကျိုးအမြတ်ခံစားမှုရရှိသည်။ မွန်ပြည်နယ်အတွင်း ထွက်ရှိသည့် မင်းဂွတ်သီးများကို တိုင်းဒေသကြီး/ ပြည်နယ်မြို့နယ်များသို့ အသီးသီးသို့ တင်ပို့လျက်ရှိ သည်။
DOCA (မွန်)