သံပုရာသီးသည် ယခု ဇွန်လတွင် အသီးထွက်လှိုင်သော အချိန်ဖြစ်၍ ဈေးကွက်အတွင်း ပိုမိုရောင်းချလျက် ဝယ်ယူသူများပြားသည်။ သံပုရာသီး ဈေးနှုန်းအခြေအနေမှာ သံပုရာသီး(အသေး) တစ်လုံးလျှင် ၇၀ ကျပ် မှ၈၀ ကျပ်၊ သံပုရာသီး (အကြီး)တစ်လုံးလျှင် ၁၀၀ ကျပ် မှ ၁၂၀ ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည်။ ရောင်းချသူများအနေဖြင့် သံပုရာသီးခြံတို့မှ လက်ကားဈေးနှုန်းများဖြင့် တိုက်ရိုက်ဝယ်ခြင်းနှင့် ပုတ်ပြတ်ဈေးဖြင့် ဝယ်ယူကြကြောင်း သိရသည်။ ၎င်းသံပုရာသီးများကို ဈေးကွက်အတွင်း ရောက်ရှိရန် သယ်ယူပို့ဆောင်ခ(ကားခ)၊ လုပ်သားခများ၏ကုန်ကျစရိတ်တို့ ရှိသောကြောင့် ဈေးနှုန်းကွာဟမှု ( ပြောင်းလဲမှု) ရှိကြောင်း သိရှိရသည်။
DOCA (မွန်)