Main menu

အမေရိကန်ဒေါ်လာ ၆ ဘီလီယံတန် ရင်းနှီးမြှုပ်နှံမှု ၂ ခုရရှိခဲ့သည့် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တော်

Powered by Drupal

            ဗီယက်နမ်တောင်ပိုင်းတွင် အစိမ်းရောင်ကုန်ထုတ်လုပ်မှုနှင့် စွမ်းအင်အခြေခံအဆောက် အအုံ အရှိန်မြှင့်တင်ရန် အားထုတ်မှုအဖြစ် ဗီယက်နမ်၏ KOGI Group၊ ဂျပန်၏ Mazda Oil Corporation နှင့် များစွာသောအရှေ့အလယ်ပိုင်းလုပ်ငန်းစုများသည် အမေရိကန်ဒေါ်လာ ၆ ဘီလီယံတန် ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်ကို မေလ ၁၉ ရက်နေ့က ဟိုချီမင်းမြို့တော်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ပထမစီမံကိန်းမှာ နှစ်စဉ် တန်ချိန်သန်း ၅၀ ပြုပြင်ထုတ်လုပ်နိုင်စွမ်း ရှိသည့် အရှေ့တောင်အာရှတွင်အကြီးမားဆုံး အမေရိကန်ဒေါ်လာ ၅ ဘီလီယံတန်ကြေးရှိသည့် ရေနံသန့်စင်စက်ရုံနှင့် သိုလှောင်ရုံတည်ဆောက်ရန်ဖြစ်ကြောင်း သိရပါသည်။ ဒုတိယတစ်ခုမှာ ကနဦးအဆင့်တွင် ဟိုက်ဒရိုဂျင်နည်းပညာသုံးပြီး အင်ဂျင်အစိတ်အပိုင်းများထုတ်လုပ်မည့် အမေ ရိကန်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိသော အစိမ်းရောင်ကုန်ထုတ်လုပ်မှုစက်ရုံဖြစ်ကြောင်း သိရ ပါသည်။ ထို့ပြင် ခန့်မှန်းအမေရိကန်ဒေါ်လာ သန်း ၅၀၀ မှ ၇၀၀ ကြားကုန်ကျနိုင်သည့် ဗီယက်နမ်နိုင်ငံ Vung Ang ဆိပ်ကမ်းနှင့် လာအိုတို့ကိုချိတ်ဆက်ပေးမည့် နယ်စပ်ဖြတ်ကျော် ရေနံပိုက်လိုင်း ပူးပေါင်းတည်ဆောက်ရန် စီစဉ်ခဲ့ကြကြောင်း သိရပါသည်။ Mazda Oil ၏ အကြံပေးဖြစ်သူ Koki Kobayashi က ရင်းနှီးမြှုပ်နှံမှုဦးတည်ရာအဖြစ် ဗီယက်နမ်၏အလား အလာ အထူးသဖြင့်စွမ်းအင်ကဏ္ဍနှင့်ပတ်သတ်၍ စိတ်အားထက်သန်မှုကို ဖော်ပြခဲ့ကြောင်း သိရ ပါသည်။ Mr Koki က များစွာသောဂျပန်လုပ်ငန်းများသည်လည်း ထိုအကောင်းမြင်သုံးသပ်မှုကို ပြောကြားခဲ့ကြောင်းမှတ်ချက်ပြုခဲ့ပြီး ဗီယက်နမ်အား အုပ်ချုပ်မှုလုပ်ငန်းစဉ်များ ဆက်လက် လွယ်ကူလျှင်မြန်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တိုးတက်ရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ KOGI Group ၏ ဥက္ကဌဖြစ်သူ Nguyen Hong Hue က သဘောတူညီချက်သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလက ဝန်ကြီးချုပ် Pham Minh Chinh ၏ အရှေ့အလယ်ပိုင်းနိုင်ငံများသို့ လည်ပတ်မှုအတွင်းပြောဆိုဆွေးနွေးခဲ့မှုများအပေါ် အခြေခံခဲ့ကြောင်းပြောကြားခဲ့သည်။ Hue ကစီမံကိန်းများသည် ဒေသတွင်းစွမ်းအင်ဖူလုံရေးနှင့် ဗီယက်နမ်၏ ကမ္ဘာပေါ်တွင် ထင်ပေါ်ကျော်ကြားမှုမြင့်တက်လာခြင်းကို ပြသနေကြောင်းနှင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်း စဉ်များတွင် နိုင်ငံတကာ၏ယုံကြည်ချက်ရှိမှုကို ရောင်ပြန်ဟပ်ကြောင်း ပြောကြားခဲ့ပါသည်။

Vietnam Plus 

DOCA (ရန်ကုန်)