Main menu

ပြည်မတ်ပဲသီးနှံဈေး လျော့နည်း၍ ရောင်းဝယ်မှုဖြစ်

Powered by Drupal

           ပြည်ပဲမျိုးစုံဈေးကွက်အနေဖြင့် ပြည်ပဝယ်လက်များဖြစ်သော မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းသီးနှံများအနက် မတ်ပဲသီးနှံမှာ ဈေးနှုန်းတဖြည်းဖြည်းကျဆင်းလျှက်ရှိပြီး တစ်တင်း ၅၂၀၀၀ကျပ်ဖြင့် ဝယ်လိုအား ပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်ခဲ့ကြပါသည်။ ဇူလိုင်လဆန်းပိုင်းတွင် တစ်တင်း ၅၇၀၀၀ ကျပ် မှ ၆သောင်းနီးပါးအထိ ဈေးရခဲ့ပြီး ဒုတိယပတ်မှစ၍ ဈေးတဖြည်းဖြည်း လျှော့နည်းလာခဲ့၍ တစ်ချို့လှောင်သမားများကလည်း ထုတ်ရောင်းချမှုမရှိဘဲ ငွေလို၍ ရောင်းချမှု အချို့သာ ရှိခဲ့ကြပါသည်။ ထို့အတွက်ကြောင့် ပဲဝင်ရောက်မှုနေ့စဉ်မရှိဘဲ ရက်ခြားသာ အိတ်အနည်းငယ် ဝင်ရောက်ခဲ့သလို အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ဝယ်လိုအားရှိသည့်ရက်တွင် အိတ် ၁၀၀ကျော် ၂၀၀နီးပါး ရောင်းချခဲ့ကြပြီး ရန်ကုန်ဝယ်လက်သမားများ ဝယ်ယူခဲ့သည်ဟု  သိရှိရပါသည်။ ယခင်နှစ်က ယခုကာလတွင် ပဲတစ်တင်း ၃၇၀၀၀ကျပ်သာရရှိခဲ့သည့်အတွက် ယခုနှစ်ဈေး လျော့နေသည် ဆိုသော်လည်း ယခင်နှစ် ဈေးထက် ဈေးပိုနေလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)