
အိန္ဒိယနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံးသည် သက်ဆိုင်ရာမိတ်ဖက်များနှင့် ညှိနှိုင်း၍ နှစ်နိုင်ငံအကြားသစ်နှင့် ပရိဘောဂကဏ္ဍတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအားကောင်းစေရန်အတွက် အွန်လိုင်းဆွေးနွေးပွဲအခမ်းအနားကို မေလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့ပါသည်။ လုပ်ငန်းနယ်ပယ်အသင်းများမှကိုယ်စားလှယ်များနှင့်အတူ ဗီယက်နမ်နှင့် အိန္ဒိယစီးပွားရေးလုပ်ငန်း ၁၀၀ နီးပါးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအေဂျင်စီများသည် အပြန်အလှန်ကုန်သွယ်မှုတိုးချဲ့ရန်နှင့် မိတ်ဖက်သစ်များရှာဖွေရန် အခမ်းအနားတွင် ပါဝင်ခဲ့ကြောင်း သိရပါသည်။ အခမ်းအနားတွင် အိန္ဒိယနိုင်ငံရှိ ဗီယက်နမ်သံရုံး၏ ကုန်သွယ်ရေးအတိုင်ပင်ခံပုဂ္ဂိုလ် Bui Trung Thuong က ဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများအတွက်ကြီးထွားလာသောအလားအလာများနှင့် စိန်ခေါ် မှုများကိုရင်ဆိုင်ရန် အစဉ်အလာဈေးကွက်များသို့ တင်ပို့ခြင်းနှင့်ပတ်သတ်၍ အသားပေး ပြောကြားခဲ့ကြောင်း သိရပါသည်။ Thuong က ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ ကျော်ရန် ခန့်မှန်းရသည့် ကမ္ဘာ့အကြီးမားဆုံးပရိဘောဂဈေးကွက်များထဲမှတစ်ခုအနေ ဖြင့် အိန္ဒိယ၏ တည်ရှိမှုကိုမှတ်ချက်ပြုခဲ့ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဗီယက်နမ် သည် ကမ္ဘာ့ဒုတိယအကြီးမားဆုံးသစ်ပရိဘောဂတင်ပို့သူဖြစ်ပြီး ၎င်းတို့၏ အားကောင်းသော ထုတ်လုပ်နိုင်စွမ်း၊ အဆင့်မြင့်ပြုပြင်ထုတ်လုပ်သည့်နည်းပညာများနှင့် ကျွမ်းကျင်သည့်လုပ်သား ထုနှင့်ပတ်သတ်၍ လူသိများကြောင်း သိရပါသည်။ Thuong ကဗီယက်နမ်၏ ထုတ်လုပ်မှု အားကောင်းမှုနှင့် အိန္ဒိယ၏ကျယ်ပြန့်သောဈေးကွက်ဝယ်လိုအားကြောင့် နှစ်ဖက်စလုံးအတွက် အကျိုးကျေးဇူးရှိနိုင်ကြောင်းနှင့် ဗီယက်နမ်လုပ်ငန်းများက မြင့်မားသောအရည်အသွေး ယှဉ်ပြိုင် နိုင်စွမ်းရှိသောဈေးနှုန်းများဖြင့် အိန္ဒိယလုပ်ငန်းများကို ကမ်းလှမ်းကာ ၎င်းတို့၏ ဈေးကွက်ဝေစု ကိုတိုးချဲ့နိုင်ကြောင်း ပြောကြားခဲ့ပါသည်။ Worldex India ၏ CEO နှင့် ဥက္ကဌဖြစ်သူ Rajesh Bhagat က အခြေခံအဆောက်အအုံကြီးထွားလာမှု၊ အိမ်ရာမြေကဏ္ဍဖွံ့ဖြိုးတိုးတက်လာမှုနှင့် လျှင်မြန်သောမြို့ပြတည်ထောင်မှုတို့ကြောင့် အိန္ဒိယပရိဘောဂကဏ္ဍသည် ကြီးမားသောအလား အလာကိုပိုင်ဆိုင်ထားကြောင်းပြောကြားခဲ့ပြီး ဗီယက်နမ်လုပ်ငန်းများအား နည်းပညာပူးပေါင်း ဆောင်ရွက်မှုနှင့် ပူးတွဲစီးပွားရေးလုပ်ကိုင်မှုတို့ပါဝင်သော ရေရှည်မိတ်ဖက်ဖွဲ့မှုကို ရှာဖွေရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ သို့သော်မြင့်မားသည့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်၊ တရုတ်နှင့် အခြားအာဆီယံနိုင်ငံများမှယှဉ်ပြိုင်မှုများနှင့် နည်းစနစ်စံနှုန်းကွဲပြားမှု အစရှိသည့် အတားအဆီးများဆက်လက်တည်ရှိနေကြောင်း သိရပါသည်။ ထိုအခက်အခဲများကိုကျော်လွှား ရန် ဗီယက်နမ်သစ်နှင့် သစ်ထုတ်ကုန်အသင်း ဒုတိယဥက္ကဌနှင့် အတွင်းရေးမှူးချုပ်ဖြစ်သူ Ngo Sy Hoai က အသင်းများကြား နားလည်မှုသဝဏ်လွှာများလက်မှတ်ရေးထိုးရန်၊ ဈေးကွက်သတင်းအချက်အလက်အပြန်အလှန်ဖလှယ်ရန်နှင့် နှစ်နိုင်ငံစလုံးတွင်ကျင်းပသည့် ကုန်စည်ပြပွဲများတွင် ပါဝင်ဆင်နွှဲကြရန် အဆိုပြုခဲ့ကြောင်း သိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)