Main menu

လျှပ်စစ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၂၄ ခုအတွက် ဥပဒေကြမ်း ကမ္ဘောဒီးယားပါလီမန်ခွင့်ပြု

Powered by Drupal

             နိုင်ငံ၏စွမ်းအင်အခြေခံအဆောက်အအုံကိုအရှိန်မြှင့်တင်ရန် ကမ္ဘောဒီးယားပါလီမန်သည် လျှပ်စစ်ရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီ ၂၄ ခုအတွက် ငွေပေးချေမှုအာမခံချက် လွယ်ကူချောမွေ့စေရေး ဥပဒေမူကြမ်းကို မေလ ၂၂ ရက်နေ့ကကျင်းပြုလုပ်ခဲ့သည့် ၇ ကြိမ်မြောက်အမျိုးသားညီလာခံ တွင် တရားဝင်ခွင့်ပြုခဲ့ကြောင်း သိရပါသည်။ ထိုဥပ‌ဒေသစ်သည် ၂၀၂၀-၂၀၄၀ ကမ္ဘောဒီးယား တွင် လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက် အထူးအစီအစဉ်အရ ၂၀၂၈ ခုနှစ်ထိ ဆက်လက် မြင့်တက်ရန်ခန့်မှန်းရသည့် လျှပ်စစ်သုံးစွဲအားမြင့်တက်လာမှုအပေါ်တုံ့ပြန်မှုတစ်ခုဖြစ်ကြောင်း သိရပါသည်။ ထိုကနဦးစတင်မှုသည် ကျောက်မီးသွေသုံးစွမ်းအင်စက်ရုံများကို ကမ္ဘာလုံးဆိုင်ရာ တားမြစ်မှုကြောင့် လျှပ်စစ်မလုံလောက်နိုင်မှုကို ကြိုတင်ပြင်ဆင်ရန်ရည်ရွယ်ကြောင်း သိရပါ သည်။ လျှပ်စစ်အရင်းအမြစ်သစ်များအချိန်မီမတည်ထောင်ပါက နိုင်ငံသည် ၂၀၂၅ နှင့် ၂၀၂၈ ခုနှစ်ကြားတွင် လျှပ်စစ်နှင့်ပတ်သတ်၍ သိသာသောစိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း သိရ ပါသည်။ ကွဲပြားသည့်စီမံကိန်းများကိုလွှမ်းခြုံထားသည့် အမျိုးသားညီလာခံ၏ခွင့်ပြုချက်သည် ကမ္ဘောဒီးယားနိုင်ငံ၏ပြည့်ဖြိုးမြဲစွမ်းအင်စွမ်းရည် တိုးချဲ့ရန်ရည်ရွယ်ကြောင်း သိရပါသည်။ ထို ရင်းနှီးမြှုပ်နှံမှုများသည်လည်း ကမ္ဘောဒီးယားပြည်သူလူထုအတွက် မီခိုနိုင်သောစွမ်းအင်အရင်း အမြစ်ပိုမိုရရှိရန်နှင့် စဉ်ဆက်မပြတ်စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုရရှိရန် နိုင်ငံ၏အာမခံချက်ကို ပံ့ပိုးပေးရန် ရည်ရွယ်ကြောင်း သိရပါသည်။

Khmer Times                                                                             DOCA (ရန်ကုန်)