Main menu

ပြည်ခရိုင်၏စပါးအကျိုးအမြတ်ရရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

       ပြည်ခရိုင်တွင် (၂၀၂၅) ဘဏ္ဍာနှစ်တွင် မိုးစပါး (၂၂၆၄၉၇)ဧက စိုက်ပျိုးပြီး အထွက်နှုန်း စုစုပေါင်းမှာ (၉၀.၉၂) ဧကထွက်ရှိပါသည်။ (၂၀၂၄/၂၀၂၅) ဘဏ္ဍာနှစ်တွင် မိုးစပါး (၄၆)ပေါင် တင်း (၁၀၀)လျှင် (၁၈၄၀၀၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ရှိပါသည်။ မိုးစပါးတစ်ဧက ကုန်ကျစရိတ်အနေဖြင့် (၈၈၆၀၀၀)ကျပ် ကုန်ကျစရိတ်ရှိပြီး တစ်ဧက ဝင်ငွေမှာ (၁၆၂၀၀၀၀)ကျပ် ရရှိသည့်အတွက် တစ်ဧက အမြတ် (၇၀၀၀၀၀)ကျပ်ရရှိပါသည်။ ယခင်နှစ် (၂၀၂၃/၂၀၂၄) ဘဏ္ဍာနှစ်တွင် မိုးစပါးမှာ (၄၆)ပေါင် တင်း (၁၀၀)လျှင် (၁၇၀၀၀၀)ကျပ်ဈေးရှိပါသည်။ ကုန်ကျစရိတ်အနေဖြင့် (၇၅၀၀၀၀)ကျပ် ရှိသည့်အတွက် တစ်ဧကအကျိုးအမြတ် (၈၀၀၀၀၀)ကျော်ရရှိခဲ့သည်ဟုသိရပြီး ယခု(၂၀၂၅)မေလတွင် စပါးဈေးမှာ (၁၈၀၀၀၀၀)ကျပ်ဖြင့် ဈေးရှိနေသော်လည်း စပါးအရောင်း အဝယ်မရှိပါ။ ဆန်အဟောင်းများနည်းနေပြီး မှော်ဘီ ၊ ကျောက်ရွေးနှင့် ရိုးနီအဟောင်းများ အနည်းငယ်သာ အရောင်းအဝယ်ရှိပါသည်။ ပြည်ခရိုင်တွင် နွေစပါးများအနည်းငယ်ရိတ်သိမ်းနေပြီး ရိတ်သိမ်းပြီး ဧက(၂၅၀)ခန့် သာရှိပြီး အထွက်နှုန်းအနေဖြင့် (၁၀၉.၁၇)ရှိပါသည်။ နွေစပါးဈေးမှာ (၄၆)ပေါင် တင်း(၁၀၀)လျှင် (၁၂၀၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး နွေဆန်များမှာ နွေစပါးလှိုင်လှိုင်ပေါ်သောဒေသများမှတစ်ဆင့် ဝယ်ယူရောင်းချရပါသည်။ ပြည်ဈေးကွက်အတွင်းရှိ နွေစပါးဈေးမှာ အင်းမရဲဘော်ရိုးရိုး (၆၃၀၀၀)ကျပ်၊ အင်းမဆူပါ (၆၅၀၀၀)ကျပ်၊ ကရင်မဆန် (၅၄၀၀၀)ကျပ်၊ ဆင်းသွယ်အသစ် တစ်အိတ်လျှင် (၆၃၀၀၀)ကျပ်၊ မှော်ဘီသစ် တစ်အိတ်လျှင် (၇၂၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိပါသည်။

DOCA(ပဲခူး)