
ကင်ပွန်းချဉ်ရွက်သည် မြန်မာလူမျိုးတို့အထူးနှစ်သက်သော ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ပါသည်။ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ ကျေးရွာများဖြစ်သော ရှမ်းစုကျေးရွာ၊ ဇီးဖြူကုန်း ကျေးရွာစသည့် ကျေးရွာများတွင် ကင်ပွန်းချဉ်ရွက်ကို အများဆုံး စိုက်ပျိုးပြီး ရောင်းချခြင်းဖြင့် နှစ်စဉ်ဝင်ငွေများရရှိလျက်ရှိကြောင်း သိရှိရပါသည်။
ရှမ်းစုကျေးရွာတွင် ကင်ပွန်းချဉ်ပင်ကို ကိုင်းကူး၍ စိုက်ပျိုးကြောင်း တောင်သူဦးဇော်လင်းထံမှ မေးမြန်းသိရှိရပါသည်။ ကင်ပွန်းချဉ်ရွက်ကို လူတိုင်းကြိုက်နှစ်သက်စွာ စားသုံးကြသည်။ စားလိုက်တိုင်း ချဉ်ပြုံးပြုံးအရသာလေးနဲ့ ထမင်းမြိန်စေပြီး စားကောင်းတဲ့အပြင် ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါသည်။ ချဉ်ပေါင်ရွက်ကို မျိုးစုံလုပ်စားကြပါတယ်။ ကင်ပွန်းချဉ် ရည်ဟင်း၊ ကင်ပွန်းချဉ်ရွက်ကြော်၊ အသားနဲ့လည်းတွဲပြီး ချက်ပြုတ် စားသောက်ကြပါတယ်။
ဈေးကွက်အနေဖြင့် ပြည်မြို့နယ်အတွင်းရှိ ဈေးများအပြင် ရန်ကုန်သို့လည်း တင်ပို့ရောင်းချပါသည်။ ဈေးနှုန်းအနေဖြင့် (၁၀)ညွန့်စည်း တစ်စည်းလျှင် (၃၀၀)ကျပ်ဖြင့်ရောင်းချကြောင်း သိရပါသည်။ ကင်ပွန်းချဉ်ပင်ကို စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစု ဝင်ငွေရရှိကာ စီးပွားရေးအတွက် တွက်ချေကိုက်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။
DOCA(ပဲခူး)