Main menu

ပြည်မြေပဲဆန် အရောင်းအဝယ်ပုံမှန်ဖြစ်လျှက်ရှိ

Powered by Drupal

             ပြည်ဈေးကွက်သို့ ယခုဇူလိုင်လဒုတိယပတ်တွင် မြေပဲဆန်များဝင်ရောက်မှုမရှိသော်လည်း လှောင်မြေပဲဆန်များဖြင့်သာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ မြေပဲဆန် လုံးဆန်(အဖြူ)ကို မြဝတီဘက်သို့ တင်ပို့ရန်အဝယ်ရှိသလို၊ မြေပဲဆန်လုံးဆန်(အနီ)ကို ဒေသတွင်း မြေပဲလှော်ဖို သမား များက ဝယ်ယူမှုရှိပါသည်။ ဆီကြိတ် မြေပဲဆန်ဖြစ်သော ရွေးဆန်များကို မြေပဲဆီကြိတ်သော ဆီစက်များနှင့် ဆုံဆီကြိတ်သောဆီစက်များက အဝယ်ရှိသလို မလုံလောက် ပါက မကွေးမြို့နှင့် ပခုက္ကူဘက် မှဝယ်ယူ၍ ကြိတ်ခွဲရပါသည်။ ယခုဇူလိုင်လ ဒုတိယပတ်ရှိ မြေပဲဆန်ဈေးနှုန်းများမှာ ဆီကြိတ်မြေပဲဆန် (အဖြူ၊ အနီ) ၂မျိုးစလုံးမှာ ဈေးတူနေပြီး တစ်ပိဿာလျှင် ၄၂၀၀ကျပ်၊ လုံးဆန်(အဖြူ၊ အနီ) တစ်ပိဿာလျှင် ၄၄၀၀ကျပ်ဖြင့် ဇွန်လ နောက်ဆုံးပတ်ကအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရှိရပါသည်။ မြေပဲဆီတစ်ပိဿာလျှင် ၉၅၀၀ကျပ်၊ ဆုံဆီတစ်ပိဿာလျှင် ၁၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)