
ပြည်ကုန်စည်ဒိုင်သည်ပဲမျိုးစုံအရောင်းအဝယ်ဖြစ်လျက်ရှိပြီး မတ်ပဲ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်ပဲများမှာအရောင်းအဝယ်သွက်လျက်ရှိပါသည်။
မတ်ပဲ
ပြည်ကုန်စည်ဒိုင်၏မေလ ပထမပတ်တွင် ပန်းတောင်းဘက်မှမတ်ပဲများအဝင်ရှိပြီးမတ်ပဲတစ် တင်းလျှင် (၉၇၅၀၀/၉၈၀၀၀)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ပြီး တစ်ရက်လျှင် အိတ်(၂၀၀/၃၀၀) ခန့် ရန်ကုန် အဝယ်ရှိပါသည်။ ဒုတိယပတ်တွင်မတ်ပဲအဝင်ရှိပြီး ပဲတစ်တင်းကို (၉၇၅၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ်တစ်ရက်ကိုအိတ် (၃၀၀)ခန့် ရှိပါသည်။ တတိယပတ်တွင် မတ်ပဲ တစ်တင်းကို (၉၇၀၀၀/၉၇၅၀၀)ကျပ်ဖြင့် မတ်ပဲဈေးအေးနေပြီး ရန်ကုန်နှင့် လှောင်သမားများ တစ်ရက် ကို အိတ်(၃၀၀)ခန့်အဝယ်ရှိပါသည်။ စတုတ္တပတ်တွင် မတ်ပဲတစ်တင်းကို (၉၇၅၀၀)ကျပ်ဖြင့် ပေါက်ခေါင်း၊ ရွှေတောင် ဘက်မှ အဝင်ရှိပြီး တစ်ရက်ကို အိတ်(၃၀၀၊၄၀၀)ခန့်အဝယ် ရှိပါသည်။
ပဲစင်းငုံ
ပြည်ကုန်စည်ဒိုင်တွင် မေလပထမပတ်တွင် ပဲစဉ်းငုံ အဝင်အနည်းငယ်သာ ရှိပြီး ရောင်းချမှုမှာလည်း နည်းနေပြီဖြစ်ပြီး ပဲတစ်တင်းကို (၉၂၅၀၀)ကျပ်ဖြင့် တစ်ရက်ကို အိတ် (၁၀၀/ ၁၅၀) ခန့်သာ ရန်ကုန်အဝယ်ရှိပါသည်။ မေလဒုတိယပတ်တွင် ပဲစဉ်းငုံတစ်တင်းကို (၉၂၀၀၀) ကျပ် ဖြင့် ရန်ကုန် အဝယ်တစ်ရက်ကို အိတ်(၁၅၀)ခန့်သာ အဝယ်ရှိပါသည်။ တတိယပတ်တွင် ပဲစဉ်းငုံ ဈေးအေးပြီး ပဲတစ်တင်းကို (၉၂၅၀၀)ကျပ်ဖြင့် ရန်ကုန်အဝယ် တစ်ရက်ကိုအိတ်(၁၀၀)ခန့်သာ အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ပဲစဉ်းငုံဈေးကျပြီး (၉၀၀၀၀/ ၉၁၀၀၀)ကျပ်ဖြင့်သာ ရန်ကုန် အဝယ်ရှိပါသည်။
ကုလားပဲ
ပြည်ကုန်စည်ဒိုင်တွင် မေလပထမပတ် ကုလားပဲ (ဟော်လန်) နှင့် မြကြေးမှုံသီးနှံများ ကံမနှင့်ပန်တောင်းဘက်မှ အဝင်ရှိပြီး တစ်ရက်ကိုအိတ် (၂၀၀)ခန့် အဝင်ရှိနေပါသည်။ ကုလားပဲ(ဟော်လန်)တစ်တင်းကို ၈၄၀၀၀-၈၅၀၀၀ကျပ်၊ မြကြေးမှုံ တစ်တင်းကို ၉၅၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများနှင့် ရန်ကုန်အဝယ်တစ်ရက်ကိုအိတ် (၃၀၀)ခန့်ရှိပါသည်။ ဒုတိယပတ်တွင် ကုလားပဲ(ဟော်လန်)တစ်တင်းကို ၈၅၀၀၀-၈၆၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၉၅၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများနှင့် နယ်စုံအဝယ်တစ်ရက်ကို အိတ် ၄၀၀ခန့် အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ကုလားပဲဈေးတက်လာပြီး ကုလားပဲ(ဟော်လန်)တစ်တင်းကို ၉၃၀၀၀-၉၄၀၀၀ကျပ်၊ မြကြေးမှုံတစ်တင်းကို ၉၇၅၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားများ တစ်ရက်ကိုအိတ် ၃၀၀ခန့်အဝယ်ရှိပါသည်။
ပဲကြီး
မေလပထမပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၈၆၀၀၀ကျပ်၊ ကုန်ပဲတစ်တင်းကို ၇၈၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ အဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၂၅၀ခန့် ရှိပါသည်။ မေလဒုတိယပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၈၆၀၀၀ကျပ်၊ ကုန်းပဲတစ်တင်းကို ၇၈၀၀၀ ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကိုအိတ် ၃၀၀ခန့် ရှိပါသည်။ တတိယပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၈၈၀၀၀ကျပ်၊ ကုန်းပဲတစ်တင်းကို ၈၀၀၀၀ကျပ်ဖြင့် မြို့တွင်း အဝယ် တစ်ရက်ကို အိတ်၂၅၀ခန့်ရှိပါသည်။ စတုတ္ထပတ်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၈၈၀၀၀ကျပ်၊ ကုန်းပဲတစ်တင်းကို ၈၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကိုအိတ် ၃၀၀ခန့်ရှိပါသည်။
ဘိုကိတ်ပဲ
မေလပထမပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၇၁၀၀၀ကျပ်ဖြင့် ရန်ကုန်နှင့်မြို့တွင်းအဝယ် တစ်ရက်ကိုအိတ် ၁၀၀/၂၀၀ခန့်ရှိပါသည်။ ဒုတိယပတ်တွင် ဘိုကိတ်ဈေးအေးနေပြီးတစ်တင်းကို ၇၁၀၀၀ကျပ်ဖြင့် မြို့တွင်းနှင့်ရန်ကုန်အဝယ်တစ်ရက်ကို အိတ် ၂၀၀ခန့်ရှိပါသည်။ မေလတတိယ ပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၇၀၀၀၀ကျပ်ဖြင့် ဈေကျခဲ့ပြီး မြို့တွင်းအဝယ်တစ်ရက်ကိုအိတ် ၁၅၀ခန့် အဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၇၀၀၀၀ကျပ်ဖြင့် ဈေးအေးနေပြီး မြို့တွင်းနှင့်ရန်ကုန်အဝယ် တစ်ရက်ကိုအိတ် ၂၀၀ခန့်ရှိပါသည်။
စားတော်ပဲ
မေလပထမပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းလျှင် ၁၄၂၀၀၀ကျပ်ဖြင့် မြို့တွင်း အဝယ် တစ်ရက်ကိုအိတ် ၂၅/၅၀ခန့်ရှိပါသည်။ ဒုတိယပတ်တွင်စားတော်ပဲတစ်တင်းလျှင် ၁၅၅၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်တစ်ရက်ကို အိတ် ၂၅ခန့်ရှိပါသည်။ တတိယပတ်တွင် စားတော်ပဲ (ကျွန်း)တစ်တင်း ကို ၁၅၅၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပါသည်။ စတုတ္ထပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၅၅၀၀၀ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး တစ်ရက်ကို မြို့တွင်းအဝယ် အိတ် ၂၀/၂၅ခန့်ရှိပါသည်။
ပြည်ကုန်စည်ဒိုင်သို့ ပန်းတောင်း၊ ကံမ၊ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ရွှေတောင်ဘက်မှ ပဲများအဝင်ရှိနေပြီး ရန်ကုန်သို့တင်ပိုမှုရှိပြီး အဝယ်အများဆုံးဖြစ်လျက်ရှိပါသည်။
DOCA(ပဲခူး)