
ယခုတစ်ပတ် ပြည်မန်ကျည်းမှည့်ပွဲရုံများသို့ နယ်အဝင်ရှိနေသော်လည်း ဈေးနှုန်းအနည်းငယ် မြင့်လာကြောင်း သိရပါသည်။ ဒေသတွင်း အရောင်းအဝယ်သာရှိနေပြီး တစ်နေ့လက်လီသမားတို့ အဝယ်ကြောင့် ပိဿာချိန် (၁၀၀)ကျော်ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။ မန်ကျည်းမှည့် အသားသက်သက် အဝင်ရှိနေပြီး တစ်ပိဿာလျှင် ပွဲရုံ(ဈေး) ၈၀၀၀ကျပ်ဈေးနှင့် လက်လီ ၁၀၀၀၀ကျပ် ဈေးတို့ဖြင့် ရောင်းချကြောင်း သိရပါသည်။ တစ်နေ့လျှင် ဝင်ရောက်သော မန်ကျည်းမှည့် အသစ်များလက်ကျန်မရှိသော်လည်း ဒေသတွင်းအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)