
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ဇွန်လ ပထမပတ်အတွင်း၌ အရောင်းအဝယ် ဖြစ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ကြက်သွန်နီ ဆိုဒ်စုံ တစ်ပိဿာလျှင် (၂၀၀၀မှ၂၅၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၁၀၀၀၀မှ ၁၃၀၀၀)ကျပ်၊ ငြုပ်သီးတောင့်ရှည် တစ်ပိဿာလျှင် (၈၀၀၀မှ ၁၂၀၀၀)ကျပ်၊ မန်းကျီးသီး တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင် (၁၀၀၀)ကျပ်၊ ကုလားပဲဆံခြမ်း တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ အာလူး တစ်ပိဿာလျှင် (၃၅၀၀မှ ၄၀၀၀)ကျပ်၊ သကြား တစ်ပိဿာလျှင်(၅၈၀၀)ကျပ်၊ ပဲနီပြား တစ်ပြည်လျှင် (၁၁၀၀၀)ကျပ်နှင့် စားအုန်းဆီတစ်ပိဿာ လျှင် (၆၈၀၀)ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်ဖြင့် စည်ပင်သာယာမြို့မဈေးနှင့် မြို့နယ်အတွင်းရှိ ကုန်ခြောက်ဆိုင်ကြီးများတွင် အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။
ယခင်အပတ်နှင့် ယခုအပတ် ဈေးနှုန်းများ နှိုင်းယှဉ်ရာတွင် ယခင်အပတ်တွင် ကြက်သွန် နီဆိုဒ်စုံ တစ်ပိဿာ (၂၅၀၀မှ၃၀၀၀)ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာ (၁၁၀၀၀မှ၁၅၀၀၀)ကျပ်၊ အာလူးတစ်ပိဿာ (၄၀၀၀မှ၄၅၀၀)ကျပ်၊ ကုလားပဲတစ်ပိဿာ(၇၀၀၀)ကျပ်နှင့် မန်းကျီးသီး တစ်ပိဿာ (၁၀၀၀၀)ကျပ် ဖြစ်ခဲ့ရာမှ ယခုအပတ်တွင် ကုန်ပစ္စည်းအဝင်များလာခြင်းကြောင့် ဈေးနှုန်းများ ကျဆင်းလာခဲ့ပြီး ကျန်အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ် လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)