
အယ်ဂျီးရီးယားနိုင်ငံသည် ၎င်း၏ရေနံစိမ်းထုတ်လုပ်မှုကို ဇူလိုင်လမှ အစပြု၍ တစ်ရက် လျှင်စည်ပေါင်း ၉၀၀၀ တိုးမြင့်မည်ဟု အယ်ဂျီးရီးယား စွမ်းအင်ဝန်ကြီးဌာန၏ မေလ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။ အထူးသဖြင့်နွေရာသီတွင် ကမ္ဘာ့ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းဝယ် လိုအားမြင့်တက်လာစေရန်ရည်မှန်ထားပြီး ထုတ်လုပ်မှု တိုးမြင့်ခြင်းသည် ဖွံ့ဖြိုးဆဲရေနံမြေများမှ ထွက်ရှိသော အထွက်နှုန်းကို ကောင်းမွန်စေပြီး နိုင်ငံတော်၏ အရင်းအမြစ်ကို ပိုမိုထိရောက်စွာ အသုံးချနိုင်စေရေးအတွက် အထောက်အကူဖြစ်စေကြောင်း ဝန်ကြီးဌာန၏ ပြောကြားချက် အရသိရသည်။ ဆော်ဒီအာရေးဗီးယား၊ ရုရှား၊ အီရတ်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကူဝိတ်၊ ကာဇက်စတန်၊ အယ်လ်ဂျီးရီးယားနှင့် အိုမန်တို့မှ ကိုယ်စားလှယ်များပါဝင်သည့် OPEC+ ဝန်ကြီး အဆင့်အစည်းအဝေးတွင် စွမ်းအင်ဝန်ကြီး Mohamad Arkab ပါဝင်ခဲ့ပြီး ယခုကဲ့သို့ ထုတ်လုပ်မှုကို တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးတွင် အဖွဲ့ဝင်ရှစ်နိုင်ငံသည် ရာသီအလိုက် ဝယ် လိုအားတိုးလာမှုကို ကိုးကား၍ ဇူလိုင်လအတွက် စုစုပေါင်း ထုတ်လုပ်မှု ၄၁၁၀၀၀ Bpd တိုးမြင့်ရန် သဘောတူညီခဲ့ကြောင်းသိရသည်။
DOCA(ရန်ကုန်)