Main menu

ရာသီစာအင်ဥများ ပြည်ဈေးကွက်သို့ စတင်ဝင်ရောက်လာ

Powered by Drupal

    ပြည်မြို့၏ ဟင်းသီးဟင်းရွက်သစ်သီးဝလံဈေးကွက်တွင် ယခုလိုမိုးဦးရာသီတွင်သာ ထွက်ပေါ်သော ရာသီစာတစ်မျိုးဖြစ်သည့် အင်ဥများ မေလနောက်ဆုံးပတ်ကစ၍ ပြည်ဈေးကွက်အတွင်း စတင်‌ရောင်းချမှုများ ရှိလာပါသည်။ အင်ဥသည့် အင်ပင်မှ ကြွေကျထားသော အရွက်များ အောက်တွင်ပေါက်ရောက်သော ဥတစ်မျိုးဖြစ်လို့ အင်ဥဟုခေါ်ဆိုခြင်း ဖြစ်ပါသည်။ တချို့ဒေသ များတွင် မှိုဥ၊ မှိုလုံးဟုခေါ်ဆိုကြပြီး မိုးဥကျရာသီ အင်ပင်တွေရှိအောက်မြေကြီး အက်ကွဲနေသော နေရာများတွင် ဓါး/ဝါးချွန်များဖြင့် ယက်၍ ရှာဖွေကြရပါသည်။ ပြည်ဒေသတဝိုက် မှာတော့ ပေါက်ခေါင်း၊ သဲကုန်း၊ ပြည်အနီးတဝိုက်နှင့် ပြင်ပင်ကိုင်း၊ ဇလုပ်မရွာ၊ သဇင်လှကျေးရွာ များတွင်ရှိသော အင်ဥများကို ပြည်မြို့ဈေးများသို့ ဝင်ရောက်ရောင်းချကြပါသည်။ ပေါ်ဦးပေါ်ဖျားဖြစ်သဖြင့် ဈေးနှုန်းမှာ နို့စည်ဘူး တစ်ဘူးလျှင် (၇၀၀၀)ကျပ်ဖြင့် အင်ဥ ကြိုက်သူများက ဈေးကောင်းပေးဝယ်ယူစားသုံးကြပါသည်။ အင်ဥထွက်ရှိမှုများလာချိန်မှာတော့ နို့ဆီဘူး တစ်ဘူးလျှင် (၃၀၀၀-၄၀၀၀)ကျပ်ဖြင့် ရောင်းဝယ်နေကြသည်ဟုသိရပါသည်။ အင်ဥသည် ရာသီစာ အစားအစာဖြစ်သည့်အတွက် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)