Main menu

ကာဇက်စတန်နှင့် ပြင်သစ်ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် ၃၁ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၅.၅ ဘီလီယံ ဒေါ်လာစံချိန်တင်ခဲ့

Powered by Drupal

    ကာဇက်စတန်နှင့် ပြင်သစ်နိုင်ငံတို့အကြားကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် စံချိန်တင် အမေရိကန်ဒေါ်လာ ၅.၅ ဘီလီယံအထိ တစ်နှစ်ထက်တစ်နှစ် မြင့်တက်ခဲ့ကြောင်း ကာဇက်စတန်- ပြင်သစ်ရင်းနှီးမြုပ်နှံမှု ဖိုရမ်တွင် ကာဇက်စတန်အစိုးရမှ မေလ ၂၈ ရက်နေ့က ကြေညာခဲ့သည်။ ကာဇက်စတန်တွင် ပြင်သစ်ရင်းနှီးမြှုပ်နှံမှုသည် ဒေါ်လာ ၂၀ ဘီလီယံ နီးပါး ထိရှိပြီး ပြင်သစ်နှင့် ဆက်နွယ်နေသည့် ကုမ္ပဏီပေါင်း ၂၀၀ ကျော်ရှိကြောင်းသိရသည်။ ပြင်သစ်နှင့်ပူး‌ပေါင်းဆောင် ရွက်မှုသည် ကာဇက်စတန်၏ နိုင်ငံခြားရေး မူဝါဒထိပ်တန်း ဦးစားပေးများထဲမှ တစ်ခုဖြစ်ပြီး ဥရောပသမဂ္ဂနှင့် ကာဇက်စတန်တို့ ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသောအစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း၊ နိုင်ငံများသည် တက်ကြွသော အစိုးရနှင့် ပါလီမန်ရေးရာ အပြန်အလှန်ဆွေးနွေးမှုများ၊ ကြီးထွားလာနေသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံမှုများဖြင့် ခိုင်မာ၍ပြီး ပြည့်စုံသော ဘက်စုံဆက်ဆံ‌ရေးကို ရရှိကြကြောင်း ကာဇက်စတန်ဝန်ကြီးချုပ် Otzhas Bektenov က ဖိုရမ်တွင်ပြောကြားခဲ့သည်။ စွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရေအရင်းအမြစ်စီမံခန့်ခွဲမှု စသည့် ကဏ္ဍများပါဝင်သည့် အခမ်းအနားများအပြီးတွင် နှစ်နိုင်ငံသဘောတူညီချက် အများအပြားကို လက်မှတ်ရေးထိုးနိုင်မည်ဟု မျှော်လင့်ထားကြသည်။

DOCA(ရန်ကုန်)