Main menu

ဂျပန်နိုင်ငံ၏ ပုံမှန်ဓာတ်ဆီဈေးသည် ၅ လအတွင်း အနိမ့်ဆုံးသို့ ကျဆင်း

Powered by Drupal

    ဂျပန်နိုင်ငံတွင် ပုံမှန်ဓာတ်ဆီ လက်လီဈေးသည် တစ်လီတာလျှင် ယန်း ၁၈၀ (အမေရိကန် ဒေါ်လာ ၁.၂၄ ခန့်) အောက်သို့ ကျဆင်းသွားကာ ငါးလတာ အနိမ့်ဆုံးသို့ ရောက်ရှိသွားကြောင်း စက်မှုဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရသည်။ တနင်္လာနေ့အထိ နိုင်ငံတစ်ဝှမ်းရှိ ဓာတ်ဆီ တစ်လီတာလျှင် ပျှမ်းမျှ ယန်း ၁၇၇.၆ ၊ ယခင်အပတ်ကထက် ၄.၅ ယန်း ကျဆင်းခဲ့ပြီး ယမန်နှစ် ဒီဇင်ဘာ ၁၆ ရက်နောက်ပိုင်း အနိမ့်ဆုံးအဆင့်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၏ အချက်အလက် များအရသိရသည်။ နိုင်ငံ၏ စီရင်စု ၄၇ ခုစလုံးသည် ပျမ်းမျှစျေးနှုန်းများ ကျဆင်းသွားကာ Okayama သည် တစ်ပတ်လျှင် အကြီးမားဆုံး ၁၀.၆ ယန်း နှင့် Okinawa မှ အနိမ့်ဆုံး ၁.၆ ယန်း ကျဆင်းသွားသည်ကို တွေ့ရကြောင်း ဒေတာများက ပြသခဲ့သည်။ ဇွန်လလယ်တွင်ဓာတ်ဆီ တစ်လီတာလျှင် ၁၀ ယန်းနှုန်းလျှော့ချရန် ရည်ရွယ်၍ အိမ်သုံးလူနေမှုစရိတ်များ မြင့်တက်မှုကို ရင်ဆိုင်ရန် ဂျပန်အစိုးရမှ ဓာတ်ဆီထောက်ပံ့မှု အစီအစဉ်သစ်ကို မေလ ၂၂ ရက်တွင် စတင်ခဲ့ သည်။ အစိုးရက တစ်ပတ်လျှင် ဓာတ်ဆီ တစ်လီတာလျှင် ထောက်ပံ့ငွေ ၇.၄ ယန်း ကိုထောက်ပံ့ ပေးခဲ့ပြီး ထောက်ပံ့ကြေးမှာ နောက်အပတ်တွင် ၈.၄ ယန်းအထိ တိုးသွားမည်ဖြစ်ကြောင်းဝန်ကြီး ဌာနက ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)