
အင်ဒိုနီးရှားနိုင်ငံ၏ အရန်ဆန်သည် မေလ ၂၉ ရက်နေ့အထိတန်ချိန် ၄ သန်းကျော်ရှိကာ သမိုင်းဝင်အမှတ်အသားတစ်ခုသို့ ရောက်ရှိခဲ့ပြီး နိုင်ငံ၏ အစိုးရစားနပ်ရိက္ခာ ကုမ္ပဏီ Perum Bulog ကို ၁၉၆၉ ခုနှစ်တွင် စတင်တည်ထောင်ပြီးနောက်ပိုင်းမှ အစပြု၍ စံချိန်တင်အမြင့်ဆုံးဖြစ် ခဲ့သည်။ စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က နိုင်ငံအတွင်း ဆန်စပါးထုတ်လုပ်မှုကို အမြဲအားပေးနေသည့် သမ္မတ Prabowo Subianto ၏ ညွှန်ကြားချက်အောင်မြင်မှုကိုလည်း ချီးကျူးခဲ့သည်။ အဓိကရိတ်သိမ်းချိန်များ၌ပင် လယ်သမားများသည် ရောင်းချမှုမှ ရရှိသော အမြတ်အစွန်းများကို ခံစားနေကြရပြီးဖြစ်ကြောင်း ဝန်ကြီးက ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ အရှေ့တောင်အာရှနိုင်ငံများတွင် ဆန်သည် နိုင်ငံ၏ စားသုံးမှုတွင် အဓိကကျသောကြောင့် အနီးကပ်စောင့်ကြည့်ကြပ်မတ်မှု အရှိဆုံးကုန်စည်များထဲမှ တစ်ခုအဖြစ်ပါဝင်သည်။
DOCA(ရန်ကုန်)