Main menu

အာဖဂန်နစ္စတန်မှဥရောပသို့ ဆားရည်စိမ်ထားသောအသီးအနှံ ၂၅ တန်တင်ပို့

Powered by Drupal

    မေလ ၂၆ ရက်နေ့က ပါကစ္စတန်နိုင်ငံသည် ဆားရည်စိမ်အသီးအနှံ (Pickle) ၂၅ တန်အား အနောက်ပိုင်းဟီရတ်ပြည်နယ်မှ ဥရောပနိုင်ငံများသို့ တင်ပို့ခဲ့ကြောင်းနိုင်ငံပိုင် Bahtar သတင်း ဌာန၏ မေလ ၂၇ ရက်နေ့ကဖော်ပြချက်အရသိရသည်။

    ကိုယ်ပိုင်ဖူလုံရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် သိသာထင်ရှားသော ခြေလှမ်း တစ်ရပ်အဖြစ်‌ဆောင်ရွက်ချက်ကို ကြိုဆိုသည့်အနေဖြင့် ဟီရတ်ပြည်နယ်အုပ်ချုပ်ရေးမှူး Mawlana Noor Ahmad Islamjar က အဆိုပါတင်ပို့မှုသည် ရင်းနှီးမြှုပ်နှံမှု၊ စက်မှုလုပ်ငန်းရှင် များ၊ ဒေသထွက်ကုန်များနှင့် ပြည်ပထွက်ကုန်များတင်ပို့ရောင်းချမှုများကို ဆက်လက်ပံ့ပိုးပေး သွားမည်ဖြစ်ကြောင်းနိုင်ငံပိုင် မီဒီယာတစ်ခုသို့ ပြောကြားခဲ့သည်။ ဆားရည်စိမ်အသီးများ ထုတ်လုပ်သော ကုမ္ပဏီအကြီးအကဲ Noor Ahmad Alizai က ဟီရတ်စက်မှုဇုန်တွင် စက်ရုံပေါင်း ၁၅၀၀ ခန့်လည်ပတ်လျှက်ရှိပြီး အများစုမှာ ထုတ်ကုန်များကိုတင်ပို့နိုင်သည့် စွမ်းရည်ရှိကြောင်း ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)