
အဇာဘိုင်ဂျန်နိုင်ငံ၏ ရွှေတင်ပို့မှုမှ ဝင်ငွေသည် ၂၀၂၅ ခုနှစ်၏ ပထမလေးလအတွင်း အမေရိကန်ဒေါ်လာ ၉၅.၄ သန်း အထိမြင့်တက်လာခဲ့ပြီး ၂၀၂၄ ခုနှစ်၏ အလားတူ ကာလက ထက် သုံးဆတိုးလာခဲ့ကြောင်း စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် ဆက်သွယ်ရေးဆိုင်ရာ လေ့လာသုံးသပ်ရေးစင်တာမှ မေလ ၂၉ ရက်နေ့က ထုတ်ပြန်သည့် Export Review အရသိရသည်။
ဝင်ငွေတိုးတက်မှုသည် တစ်နှစ်ထက်တစ်နှစ်ဒေါ်လာ ၆၄ သန်းမြင့်တက်မှုကို ကိုယ်စားပြု ချင်းဖြစ်သည်။ ဧပြီလတစ်လတည်းတွင်ပင် ရွှေတင်ပို့မှုသည် စုစုပေါင်းဒေါ်လာ ၃၀.၂ သန်းရှိပြီး ၂၀၂၄ ခုနှစ်ဧပြီလကထက် ၂.၃ ဆ မြင့်တက်လာခဲ့သည်။
ယေဘုယျအားဖြင့် အဇာဘိုင်ဂျန်၏ ရေနံမဟုတ်သော ကုန်ပစ္စည်းများတင်ပို့မှုသည် အစီအရင်ခံသည့် ကာလအတွင်း ၁၈ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ဒေါ်လာ ၁.၁ ဘီလီယံ အထိရောက်ရှိခဲ့ကြောင်း အစီအရင်ခံစာအရသိရသည်။
DOCA(ရန်ကုန်)