Main menu

အိန္ဒိယနိုင်ငံ၏ GDP သည် ဇန်နဝါရီမှ မတ်လအထိ ၇.၄ ရာခိုင်နှုန်းမြင့်တက်လာ

Powered by Drupal

     အိန္ဒိယနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၏ စတုတ္ထလပတ် ဖြစ်သော ဇန်နဝါရီမှ မတ်လ ၇.၄ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင်း မေလ ၃၀ ရက်နေ့က ထုတ်ပြန်သော အစိုးရအချက်အလက်များအရသိရသည်။ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ယခင်သုံးလပတ်တိုးတက်မှုနှုန်းမှာ ၆.၄ ရာခိုင်နှုန်းရှိခဲ့သည်။ ၂၀၂၄-၂၀၂၅ ခုနှစ်၏ စတုတ္ထလပတ်တွင် ပြည်တွင်း အသားတင်ထုတ်ကုန် (GDP) နှင့် Naniral GDP သည် ၇.၄ ရာခိုင်နှုန်းနှင့် ၁၀.၈ ရာခိုင်နှုန်းအသီးသီး တိုးတက်မည်ဟု ခန့်မှန်းထားကြောင်း စာရင်းအင်းဌာန ၏ ထုတ်ပြန်ချက်အရသိရသည်။ အစိုးရအချက်အလက်များအရ နှစ်စဉ်တိုးတက်မှုနှုန်းသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ၆.၅ ရာခိုင်နှုန်းဖြစ်ကြောင်းသိရသည်။

DOCA(ရန်ကုန်)