
မွန်ဂိုလီးယားနှင့် တာ့ခ်မင်နစ္စတန်တို့သည် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရေး စာရွက်စာတမ်းအများအပြားကို လက်မှတ်ရေးထိုးခဲ့ကြောင်း မွန်ဂိုလီးယားသမ္မတရုံးဝက်ဘ်ဆိုဒ်တွင် ဇွန်လ ၂ ရက်နေ့က ဖော်ပြခဲ့သည်။ မွန်ဂိုလီးယားနှင့် တာ့ခ်မင်နစ္စတန်တို့ကြားပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပူးတွဲ ကြေညာချက် အပြင် ကျန်းမာရေး၊ ပညာရေး၊ သိပ္ပံ၊ မီဒီယာ၊ ယဉ်ကျေးမှုနှင့် အလတ်စားစက်မှု လုပ်ငန်းစသည့်ကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ ပါဝင် သော စာတမ်းများကို မွန်ဂိုလီးယားမြို့တော် Ulan Bator တွင် လက်မှတ်ရေးထိုးခဲ့သည်။ တာ့ခ်မင်နစ္စတန်သမ္မတ Serdar Berdimuhamedov သည် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မွန်ဂိုလီးယားသမ္မတ Ukhnaa Khurelsukh ၏ ဖိတ်ကြားချက်အရ ဇွန်လ ၁ ရက်နေ့၊ ညနေပိုင်းတွင် Ulan Bator သို့ ရောက်ရှိလာခဲ့ကြောင်းသိရသည်။
DOCA(ရန်ကုန်)