
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် စားသုံးသူများ နေ့စဉ်ဝယ်ယူ သုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိပါသည်။
ယခုအခါ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ခရမ်းချဉ်သီးများကို ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့် ကန့်ဘလူမြို့တို့ရှိ လက်လီ/လက္ကားကုန်သည်များမှ ရောင်းချလျက်ရှိပြီး ၂၀၂၅ ခုနှစ် ၊ ဇွန်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ ထိုင်ဝမ်အလုံးကြီး(၁)ပိဿာလျှင် (၃၅၀၀)ကျပ်နှင့် အလုံးသေးတစ် ပိဿာလျှင် (၃၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း၊ ခရမ်းသီးတစ်ပိဿာလျှင် လက်ကားဈေး (၁၈၀၀)ကျပ်နှုန်းနှင့် လက်လီဈေး(၂၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၁၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)