Main menu

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသော ကွမ်းရွက်နှင့် ကွမ်းသီးဈေးနှုန်း

Powered by Drupal

     မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထား၍ လုပ်ကိုင်လျက်ရှိသောနိုင်ငံဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင်လည်း စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက် ရှိပါသည်။

    ၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်တွင် ဖြစ်ပေါ်နေသော ကန့်ဘလူမြို့နယ်၏ ကွမ်းရွက် ဈေးနှုန်းများမှာ အရည်အသွေးပေါ်မူတည်၍ ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ ကွမ်းရွက်(ကြီး)တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ကွမ်းရွက်(သေး)တစ်ပိဿာလျှင် (၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ကွမ်းသီးစိတ် ဈေးနှုန်းများမှာ လက်ကားဈေး (ရှယ်) တစ်ပိဿာလျှင် (၃၆၀၀၀)ကျပ်၊ ကွမ်းသီးစိတ်(လတ်) တစ်ပိဿာလျှင် (၃၃၀၀၀)ကျပ်၊ ကွမ်းသီးစိတ် (ညံ့) တစ်ပိဿာလျှင်(၂၀၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူမြို့ပေါ်ရှိဆိုင်များနှင့် ကျွန်းလှမြို့နယ်သို့ လက်လီ/လက္ကားဖြန့်ဖြူးလျက်ရှိကြောင်း ကွမ်းရွက်များကို မန္တလေးမြို့သို့ တင်ပို့ရောင်းချကြောင်း၊ ကွမ်းအထွက်များ၍ အရောင်းအဝယ် အေးနေကြောင်း၊ ကွမ်းနှင့်ကွမ်းပစ္စည်းရွက်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)