Main menu

ကန့်ဘလူမြို့နယ်၌ ခရမ်းသီးပင် စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေရရှိ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် အမှတ်(၂)ရပ်ကွက်တွင် ခရမ်းသီးပင်များစိုက်ပျိုးကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ခရမ်းသီပင်ကို စတင်စိုက်ပျိုးမည်ဆိုလျှင် ထယ်ရေးပြင်ရပြီး ပျိုးထောင်ကာ မိုးဦးကျကာလတွင် စိုက်ပျိုးရကြောင်း၊ ခရမ်းသီးပင်သည် စိုက်ပျိုးပြီးသုံးလအကြာတွင် အသီးကိုစတင်ခူးဆွတ် ရောင်းချရပြီး  တစ်ရက်ခြားတစ်ခါ ခူးဆွတ်ရကြောင်း၊ ခရမ်းသီးလှိုင်လှိုင်ပေါ်ချိန်တွင် ဖောက်သည်ပေးသည့်အပြင် မြို့မဈေးတွင်လည်း လက်လီ/လက္ကားရောင်းချကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ခရမ်းသီးတစ်ပိဿာလျှင် လက်ကားဈေး (၁၈၀၀)ကျပ်နှုန်းနှင့် လက်လီဈေး(၂၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၁၀၀၀) ကျပ်ဖြင့် ရောင်းချရသည့်အတွက် မိသားစုအပိုဝင်ငွေရရှိကြောင်း ခရမ်းစိုက်တောင်သူ ဦးဝင်းအောင်၏ပြောပြချက်အရ သိရသည်။

DOCA(စစ်ကိုင်း)