Main menu

ကန့်ဘလူမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသည့် ကြက်သွန်ဖြူဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များနှင့် အခြားကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် စားဖိုဆောင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကိုလည်း မိသားစုစားသုံးရန်နှင့် ပိုလျှံသည်များကို ရောင်းချရန်အတွက် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ကန့်ဘလူမြို့နယ်၌ ကြက်သွန်ဖြူရှမ်းဥအလုံးကြီး (၁)ပိဿာလျှင် (၁၅၀၀၀မှ ၁၈၀၀၀ကျပ်)၊ ဗမာဖြူ(၁)ပိဿာလျှင်( ၈၀၀၀မှ ၁၂၀၀၀ကျပ်)ဖြင့်ရောင်း ချကြောင်း၊ အစားအသောက်ချက်ပြုတ်ရာတွင် အနံ့အရသာအတွက် ကြက်သွန်ဖြူကိုအသုံးပြု သည့်အတွက် စားသောက်ဆိုင်များနှင့် အိမ်ရှင်မများအတွက် မရှိမဖြစ်လိုအပ်ကြောင်း၊ ကျန်းမာရေးအတွက်လည်းဓာတ်စာအဖြစ် စားသုံးကြသည့်အတွက် ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)