
မြန်မာနိုင်ငံတွင် သရက်သီးစိုက်ပျိုးထုတ်လုပ်မှုအရ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အဓိကစိုက်ပျိုးကြပြီး စိုက်ပျိုးသည့် သရက်သီး အမျိုးအစားများမှာ မြကျောက်၊ စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ မချစ်စု၊ ပတ္တမြားငမောက်နှင့် စိမ်းချို စသော သရက်သီးအမျိုးအစားများ ဖြစ်ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် စိန်တလုံးသရက်ကို အများဆုံးစိုက်ပြီး ပတ္တမြားငမောက်နှင့် စိမ်းချိုစသည့် သရက်မျိုးများစိုက်ပျိုးကြသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်အတွင်း ကန့်ဘလူမြို့ရှိ သစ်သီးဆိုင်များတွင် ရောင်းချနေသော သရက်သီးဈေးနှုန်းများမှာ စိန်တလုံးသရက်သီးမှည့် တစ်လုံးလျှင် (၅၀၀)ကျပ်၊ (၅)လုံးလျှင်(၂၀၀၀) ကျပ်နှင့် အလုံးသေး(၅)လုံးလျှင်(၁၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခုအခါ သရက်သီးများ လှိုင်လှိုင်ထွက်ရှိနေသည့်အတွက် သရက်သီးဈေးနှုန်းများ ကျဆင်းလျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရသည်။
DOCA(စစ်ကိုင်း)